Top News

အရေးယူပိတ်ဆို့မှုများ ချမှတ်မည်ဆိုသော သတိပေးမှုများကို ဖီဆန်ပြီး တူရကီက ဆီးရီးယားရှိ ကာ့ဒ်များအား တိိုက်ခိုက်မှု အရှိန်အဟုန်မြှင့်တင်
24htopnews | October 2, 2024 12:12 PM CST

နိုင်ငံတကာဆန္ဒပြမှုများနှင့် အမေရိကန်က အရေးယူပိတ်ဆို့မှုများချမှတ်မည်ဟု သတိပေးခဲ့မှုကို တူရကီက ဖီဆန်ခဲ့ပြီး ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်ခဲ့သည်။

အောက်တိုဘာ ၁၂ ရက်တွင် ကျေး လက်ပိုင်း၌ ကာ့ဒ်တပ်ဖွဲ့ဝင်များနှင့် ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီးနောက် တူရကီတပ်ဖွဲ့ ဝင်များနှင့် ၎င်းတို့၏ ဆီးရီးယားမဟာမိတ် များသည် စစ်ဖြစ်ပွားနေသည့် ရက်စ်အယ် အိန်းမြို့ထဲသို့ ဝင်ရောက်ပြီး မြို့ကို သိမ်းပိုက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ထိုးစစ်ဆင်ခဲ့ပြီး လေးရက်မြောက်နေ့တွင် ကာ့ဒ်တို့ ထိန်းချုပ်ထားသည့် မြို့ကို တူရကီတပ်ဖွဲ့ဝင်များက သိမ်းပိုက်နိုင်ခဲ့မှုကို တူရကီကာကွယ်ရေးဝန်ကြီးဌာနက ချီးကျူး ခဲ့သည်။ ကာ့ဒ်များကို တူရကီက ထိုးစစ်ဆင် မှုတွင် ရက်စ်အယ်အိန်းနှင့် တဲအဘီယက်မြို့ တို့သည် အဓိက ပစ်မှတ်များဖြစ်သည်။

တူရကီ ထောက်ခံသည့်သူပုန်များက ဆီးရီးယား၌ အရပ်သား ကိုးဦးကို ကွပ်မျက်

တူရကီ ထောက်ခံသည့် တိုက်ခိုက်ရေးသမားများသည် အောက်တိုဘာ ၁၂ ရက်တွင် အဓိက ပစ်မှတ်မြို့တစ်မြို့ဖြစ်သည့် တဲအဘီယက်မြို့အနီးတွင် အရပ်သား ကိုးဦး ထက်မနည်းကို ကွပ်မျက်ခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်အ ဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

ကွပ်မျက်ခံခဲ့ရသူများထဲတွင် အမျိုးသမီးနိုင်ငံရေးသမား ဟီဗရင်ခါလက်နှင့် ၎င်း၏ ယာဉ်မောင်းလည်း ပါဝင်ခဲ့သည်ဟု ကာ့ဒ်တို့က ထုတ်ပြန်ခဲ့သည်။ အသက် ၃၅ နှစ်အ ရွယ်ရှိ ခါလက်သည် Future Syria ပါတီ၏ အတွင်းရေးမှူးချုပ်ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကာ့ဒ်များ ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ်တပ် (SDF) မှ တိုက်ခိုက်ရေးသမား ၂၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အောက်တိုဘာ ၉ ရက်တွင် စတင်ခဲ့သည့် တူရကီ၏ထိုးစစ်အတွင်း  SDF တိုက်ခိုက်ရေးသမား စုစုပေါင်း ၈၁ ဦး သေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက်ဆီးရီးယားလူ့အခွင့်အ ရေးဆိုင်ရာစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

တူရကီ၏ ထိုးစစ်ကြောင့် နေရပ်စွန့် ခွာထွက်ပြေးသူ ၁၃၀,ဝဝဝကျော်ရှိပြီး နောင်တွင် ယင်းအရေအတွက်သည် သုံးဆကျော်မြင့်တက်လာနိုင်ခြေရှိသည်ဟု ကုလသမဂ္ဂက အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။    

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် တူရကီ၏ထိုးစစ်ဆင်မှုကို နိုင်ငံတကာက  ရှုတ်ချခဲ့သည်။ တူရကီ၏ထိုးစစ်အားရပ် ဆိုင်းစေရန် ဧရာမအရေးယူပိတ်ဆို့များ ချ မှတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထ ရန့်က အောက်တိုဘာ ၁၁ ရက်တွင် သတိ ပေးခဲ့သည်။ ဂျာမနီနှင့် ပြင်သစ်တို့ကလည်း တူရကီကို လက်နက်ရောင်းချမှု ရပ်ဆိုင်းခဲ့ ပြီး အရေးယူပိတ်ဆို့မှုများချမှတ်မည်ဟု အောက်တိုဘာ ၁၂ ရက်တွင် ခြိမ်းခြောက်ခဲ့ သည်။

တူရကီ၏ထိုးစစ်ကို ဆန့်ကျင်မှုအဖြစ် ဥရောပတွင် လူထောင်နှင့်ချီ ချီတက်ဆန္ဒပြ

တူရကီက ဆီးရီးယားရှိ ကာ့ဒ်တို့ကို ထိုး စစ်ဆင်မှုအား ကန့်ကွက်မှုအဖြစ် အောက် တိုဘာ ၁၂ ရက်တွင် ဥရောပမြို့များတွင် လူ ထောင်နှင့်ချီ ပါဝင်သော ချီတက်ဆန္ဒပြမှု များ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက အာဒို ဂန်သည် အကြမ်းဖက်သမားတစ်ဦး ဖြစ် သည်ဟု ဟစ်အော်ခဲ့ကြသည်။

 

 


READ NEXT
Cancel OK