Top News

ဂျပန်တွင် Hagibis တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် လူ ၁၄ ဦးထက်မနည်း သေဆုံး
24htopnews | October 2, 2024 12:12 PM CST

ဂျပန်နိုင်ငံတွင် Hagibis တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ကိုးဦး ပျောက်ဆုံးနေကြောင်း၊ ကယ်ဆယ်ရေးသမားများသည် ရေကြီးမှုကြောင့် ပိတ်မိနေသူများထံ ရောက်ရှိရန် ကြိုးပမ်းနေကြကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မုန်တိုင်းကြောင့် မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုများနှင့် မြစ်ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းကြောင့် ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲ၏ တတိယမြောက်ပွဲစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း ဂျပန်-စကော့တလန်ပွဲစဉ်ကို  မူလစီ စဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပ မည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းသည် အောက်တိုဘာ  ၁၃ ရက်တွင် အားပျော့သွားပြီး ကုန်းတွင်းမှ ဆုတ်ခွာခဲ့သော်လည်း ဂျပန်အလယ်ပိုင်းရှိ နာဂါနို စီရင်စုအပါအဝင် ဒေသအများအ ပြားတွင် ဆိုးရွားသည့်ရေကြီးမှုများဖြစ်ပေါ်ခဲ့ သည်။ နာဂါနိုတွင် ချီကူးမားမြစ်၏ တာ ပေါင်ရိုးကျိုးပေါက်ခဲ့သဖြင့် အနီးဝန်းကျင်ရှိ လူနေအိမ်များ၏ ဒုတိယအထပ် နစ်မြုပ်သည်အထိ ရေကြီးမှုဖြစ်ပေါ်ခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအ တွက် စစ်တပ်က ရဟတ်ယာဉ်များအပါအဝင် တပ်ဖွဲ့ဝင် ၂၇,၀၀၀ ကို စေလွှတ်ပေးခဲ့သည်။ တိုကျိုအနောက်မြောက်ပိုင်းရှိ ကာဝါ ဂိုးမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အို များကို ကယ်ဆယ်ရေးသမားများက လှေများဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

Hagibis တိုင်ဖွန်းမုန်တိုင်းသည် ဒေသစံတော်ချိန် ည ၇ နာရီ(ဂရင်းနစ်စံတော် ချိန်၁၀၀၀ နာရီ) တွင် ဂျပန်နိုင်ငံ၏ အဓိက ကျွန်းဖြစ်သည့် ဟွန်ရှူးကျွန်းသို့ တစ်နာရီ လျှင် ၂၁၆ ကီလိုမီတာ (တစ်နာရီလျှင် ၁၃၄ မိုင်) နှုန်းဖြင့် ဝင်ရောက်ခဲ့သည်။ ယင်းတိုင် ဖွန်းမုန်တိုင်းသည် ပြီးခဲ့သည့်နှစ်များအတွင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းတစ်ခု လည်းဖြစ်သည်။

ယင်းတိုင်ဖွန်းမုန်တိုင်းကြောင့် ကနဦး တွင် သေဆုံးသူ တစ်ဦးသာ ရှိခဲ့သော်လည်း  တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  မြေပြိုမှုများနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သ ဖြင့် အောက်တိုဘာ ၁၃ ရက် အစောပိုင်းတွင် သေဆုံးသူ  စုစုပေါင်း ၁၄ ဦး ရှိလာခဲ့သည်။

ရေနစ်မြုပ်နေသည့် နေအိမ်နှင့် ယာဉ်များအတွင်းမှ အလောင်းများကို  ရှာဖွေတွေ့ ရှိခဲ့သည်။တိုင်းဖွန်းမုန်တိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူ ၁၄၀ ကျော်ရှိပြီး ကိုးဦး ပျောက်ဆုံးနေသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

တိုကျိုအရှေ့ပိုင်းရှိ ချီဘာမြို့မှ နေအိမ် ၁,၀၀၀ ခန့်အပါအဝင် တိုကျိုအနီးဝန်းကျင် ရှိ နေအိမ် ၁၆၀,၀၀၀ ကျော်သည်  အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းအထိ လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပေါ်နေဆဲဟု NHK သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း အားအကောင်းဆုံးအချိန်တွင် လူ ခုနှစ်သန်းကျော်ကို   မဖြစ်မနေ မဟုတ်သော ဘေးကင်းရာသို့ ရွှေ့ပြောင်းခိုင်းသည့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းကြောင့်လေကြောင်း ခရီးစဉ်များ ရပ်ဆိုင်းခဲ့ပြီး ကျည်ဆန်ရထား ခရီးစဉ်များကို အပြည့်အဝ(သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ဖျက်သိမ်းခဲ့သဖြင့် ဂျပန်တွင် သီတင်းပတ်ကုန် အားလပ်ရက်ရှည် ခရီး သွားလာမှုများကို ကမောက်ကမ ဖြစ်စေခဲ့သည်။ အောက်တိုဘာ ၁၃ ရက်တွင် မီးရထားခရီးစဉ်များကို ပြန်လည်စတင်ခဲ့သည်။ လေကြောင်းခရီးစဉ်အများစုကို ဖျက်သိမ်းထားဆဲဖြစ်သော်လည်း မြို့တော်ရှိ လေ ဆိပ်နှစ်ခုတွင် ဝန်ဆောင်မှုများကို ဖြည်း ဖြည်းချင်းပြန်လည်စတင်ခဲ့သည်။

 

Ref: AFP

 


READ NEXT
Cancel OK