Top News

အမေရိကန်နှင့် တရုတ်တို့က ကုန်သွယ်ရေးဆိုင်ရာ ယာယီသဘောတူညီချက်ကို ထုတ်ပြန်
24htopnews | October 2, 2024 12:12 PM CST

နှစ်နိုင်ငံအကြား ၁၅ လကြာမြင့်လာပြီ ဖြစ်သော ကုန်သွယ်ရေးပဋိပက္ခနှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့က အောက်တိုဘာ ၁၁ ရက်တွင် ယာယီ သဘောတူညီ ချက်တစ်ခုကို ထုတ်ပြန်ခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ချမှတ်စေသည်အထိ ဖြစ်စေခဲ့သော မကျေနပ်ချက် အများစုအား ဖြေရှင်းရန်အတွက်မူ ကျန်ရှိနေဆဲဖြစ်သည်။

ယာယီသဘောတူညီချက်အရ အောက်တိုဘာ  ၁၅ ရက်တွင် စတင်သက်ဝင်မည်ဖြစ်သော ဒေါ်လာဘီလျံ ၂၅၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းများအား စည်းကြပ်ခွန်တိုးမြှင့် မည့်အစီအစဉ်ကို ဆိုင်းငံ့ရန် အမေရိကန် အစိုးရက သဘောတူခဲ့သည်။ တရုတ်ကလည်း အမေရိကန်လယ်ယာထွက်ကုန်များအား ဒေါ်လာဘီလျံ ၅၀ အထိ ဝယ်ယူရန် သဘောတူခဲ့သည်။

နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များက ၀ါရှင်တန်တွင် ၁၃ ကြိမ်မြောက် ဆွေးနွေးပွဲများ အား နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော် တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့မှ ထိပ်တန်း ညှိနှိုင်းသူ ဒုတိယဝန်ကြီးချုပ် လျူဟဲနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် ကုန်သွယ်ရေးလျှို့ဝှက်ချက်များ လွှဲပြောင်းပေးရန်အတွက် တရုတ်က ပြည်ပကုမ္ပဏီများအား ဖိအားပေးခဲ့ကြောင်း အမေရိကန်၏ စွပ်စွဲချက်များကဲ့သို့ မပြေလည်သေးသည့်ကိစ္စအချို့အား တစ်စိတ် တစ်ပိုင်း သို့မဟုတ် လုံးဝနီးပါး မဖြေရှင်းရ သေးဘဲ ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ နှစ်နိုင်ငံကိုယ်စားလှယ်များသည် ၎င်းတို့၏ ယာယီသဘောတူညီချက်များအား မူအားဖြင့်သာ သဘောတူ ထားခြင်းဖြစ်ပြီး မည်သည့်လက်မှတ်ထိုးမှုမျှ မလုပ်ရသေးပေ။

တရုတ်က အလျှော့ပေးမှုများစွာ ပြုလုပ်ပေးနေသကဲ့သို့ ထရန့်က ပြောဆိုနေ ကြောင်း၊ အမှန်မှာ တရုတ်က မလိုက်လျော ရသေးကြောင်း ကွန်ဆာဗေးတစ် American Enterprise Institute မှ တရုတ်ကျွမ်း ကျင်သူ ဒီရက်ဆစ်ဆာက ပြောကြားခဲ့သည်။

ထရန့်သည် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်သက်ဝင်မည့် နောက်ထပ်ဒေါ်လာဘီလျံ ၁၆၀ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ချမှတ်မည့်အစီအစဉ်ကို မရုပ်သိမ်းသေးရသေးသဖြင့် အမေရိကန်သို့ တရုတ်တင်ပို့သည့် ကုန်ပစ္စည်းအားလုံးနီးပါးကို အရေးယူမှု ဖြစ်လာမည်ဖြစ်သည်။

အောက်တိုဘာ ၁၁ ရက်တွင် ရရှိခဲ့သော သဘောတူညီချက်၏ အချက်အလက် အနည်းငယ်ကိုသာ သိထားရသေးပြီး တရုတ်သည် ၎င်း၏ငွေကြေးယွမ်ကို တန်ဖိုးသတ်မှတ်ရာတွင် ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန် ကတိပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ တရုတ်သည် ပြည်ပစျေးကွက်များတွင် ပို့ကုန်တင်ပို့မှုများ၌ အသာရစေရန် ယွမ်ကို တန်ဖိုးလျှော့ချ၍ ခြယ်လှယ်ခဲ့သည် ဟု အမေရိကန်က ကာလရှည်ကြာ စွပ်စွဲထားသည်။ တရုတ်သည် အမေရိကန်ဘဏ်များနှင့် အခြားဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ၎င်း၏စျေးကွက်ကို ဖွင့် လှစ်ပေးရန်လည်း သဘောတူခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။

 


READ NEXT
Cancel OK