အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်း Hagibis သည် အောက်တိုဘာ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးလေဝသ အာဏာပိုင်များက မိုးရွာသွန်းမှု သတိပေးချက်ကို အမြင့်ဆုံး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ခဲ့ပြီး သန်းနှင့်ချီသော သူများအား မဖြစ်မနေ မဟုတ်သော ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ကြီးမားပြီး အလွန်အမင်း အားကောင်းသည်ဟု သတ်မှတ်ထားသည့် Hagibis တိုင် ဖွန်းမုန်တိုင်းကြောင့် ရပ်ဘီကမ္ဘာ့ဖလားပြိုင် ပွဲစဉ်နှစ်ခုကို ဖျက်သိမ်းခဲ့ရပြီး ဂျပန် Grand Prix ကားပြိုင်ပွဲကို ပွဲဖျက်ခဲ့ရသည်။ တိုကျို ဒေသတွင် ထွက်ခွာမည့်လေယာဉ်ခရီးစဉ် အားလုံးကို ရပ်ဆိုင်းခဲ့သည်။
အဆိုပါတိုင်ဖွန်းမုန်တိုင်းသည် အောက်တိုဘာ ၁၂ ရက် ညနေအစောပိုင်းတွင် ဂျပန် အလယ်ပိုင်း(သို့မဟုတ်)အရှေ့ပိုင်းသို့ ဝင် ရောက်ပြီး အမြင့်ဆုံးလေပြင်းတိုက်ခိုက်မှု သည် တစ်နာရီလျှင် ၂၁၆ ကီလိုမီတာ ( ၁၃၄ မိုင်) ရှိမည်ဟု ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ထုတ်ပြန်ခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းသည် အဆိုးဆုံးအနေအထားဖြင့် မဝင်ရောက်မီ တိုကျိုအရှေ့ဘက်ရှိ ချီဘာစီရင်စုတွင် လူတစ်ဦး သေဆုံးခဲ့သည်။
“တိမ်းမှောက်နေတဲ့ မီနီကုန်တင်ကား တစ်စီးထဲမှာ အသက် ၄၉ နှစ်အရွယ် အမျိုး သားတစ်ဦးကို တွေ့ခဲ့တယ်။ သူ့ကို ဆေးရုံကို ပို့ပေးခဲ့ပေမယ့် အသက်မရှိတော့ပါဘူး” ဟု ချီဘာ၊ အီချီဟာရာမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဟီရိုကီရာရှီရိုက ပြော ကြားခဲ့သည်။
နာရီများစွာ မိုးသည်းထန်စွာရွာသွန်းခဲ့ ပြီးနောက် JMA က တိုကျိုနှင့် အနီးဝန်းကျင်ရှိ ဒေသများအတွက် မိုးသည်းထန်စွာ ရွာသွန်းမှု သတိပေးချက်ကို အမြင့်ဆုံးအရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့သည်။ ယင်းသတိ ပေးချက်သည် ဘေးအန္တရာယ် ခန့်မှန်းချိန်မှ သာ ထုတ်ပြန်သည့် သတိပေးချက်ဖြစ်သည်။
Hagibis တိုင်ဖွန်းမုန်တိုင်းသည် ၁၉၉၁ ခုနှစ် နောက်ပိုင်းတွင် ဟွန်ရှူးကျွန်း၏ အဓိက ကျွန်းစုသို့ ဝင်ရောက်မည့် အလွန်အားပြင်းသည့် ပထမဆုံးမုန်တိုင်းဖြစ်နိုင်ခြေရှိသည် ဟု JMA တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် လူ ၃.၂၅ သန်းကို မဖြစ်မနေမဟုတ်သော ဘေးကင်းရာသို့ ရွှေ့ပြောင်းသည့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့်လတွင် အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်းကြောင့် နေအိမ်ပျက်စီးခဲ့သူများအပါအဝင် လူ ၁၃,၅၀၀ သည် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့သည်။
တိုကျိုအနောက်ပိုင်းရှိ Gotemba ဒေ သတွင် တူးမြောင်းထဲသို့ ပြုတ်ကျသွားသည့် အမျိုးသားတစ်ဦးကို ကယ်ဆယ်ခဲ့ပြီး ကျန်တစ်ဦးကို ရှာဖွေနေဆဲဟု မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမဝင်မီ မိုးရွာသွန်း မှုများကြောင့် တိုကျိုနှင့် အနီးဝန်းကျင်ရှိ ထောင်နှင့်ချီသောနေအိမ်များတွင် လျှပ်စစ် မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။
Toyota နှင့် Honda အပါအဝင် ကားထုတ်လုပ်သည့်ကုမ္ပဏီများက ၎င်းတို့၏ စက်ရုံများကို ပိတ်ထားခဲ့သည်။ တိုကျိုရှိ စတိုးဆိုင်များ နှင့် စူပါမားကတ်များကိုလည်း ပိတ်ထားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
