နယ်စည်းမထား ဆရာဝန်များအဖွဲ့က အိပ်ချ်အိုင်ဗွီ၊ တီဘီရောဂါလူနာများကို ကုသပေးနေသော သာကေတဆေးခန်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ မှ ဒေါက်တာ မြသီတာက ပြောကြားသည်။
“MSF အနေနဲ့ အိပ်ချ်အိုင်ဗွီ၊ တီဘီနဲ့ တခြား Mobile Clinic တွေနဲ့ သွားကုပေးတဲ့ လုပ်ငန်းတွေကို လုပ်ပေးပါတယ်။ ရန်ကုန်မှာဆိုရင်တော့ အိပ်ချ်အိုင်ဗွီ၊ တီဘီကုသရေး လုပ်ငန်းတွေကို အဓိကထားလုပ်ပေးတယ်။ ရခိုင်မှာဆိုရင် Mobile Clinic တွေလုပ်တာ ပိုများတယ်။ ရှမ်း၊ ကချင်၊ တနင်္သာရီတိုင်းတို့မှာကျတော့ အိပ်ချ်အိုင်ဗွီ၊ တီဘီဆိုင်ရာလုပ်ငန်းတွေလုပ်ပါတယ်။ ဇွန် ၂၇ ရက်က အင်းစိန် က ဆေးခန်းကို ပိတ်လိုက်ပြီဖြစ်ပြီး အင်းစိန် ဆေးခန်းက ကျန်တဲ့လူနာတွေကို သာကေ တဆေးခန်းကို လွှဲထားပါတယ်။ ဒါပေမဲ့ သာကေတ ဆေးခန်းကိုလည်း လာမယ့် ၂၀၂၀ ပြည့်နှစ် ဇွန်လောက် မှာပိတ်သိမ်းသွားမှာပါ။ ဆေးခန်းတွေပိတ်ရတဲ့ အကြောင်းရင်းက MSF အနေနဲ့ မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီ၊ တီဘီ ကာကွယ်ကုသရေးလုပ်ငန်းတွေ လုပ်လာတာ ၂၇ နှစ်ရှိပါပြီ။ MSF အနေနဲ့ကလည်း တစ်ချိန်ချိန်မှာ ဖြစ်နိုင်ရင် အစိုးရကို လွှဲပြောင်းပေးမယ်ဆိုတာ စဉ်းစားထားပြီး သားပါ။ လူနာလွှဲပြောင်းရေးတွေကို ၂၀၁၆ ခုနှစ်မှာစပြီးတော့ လုပ်ခဲ့တယ်။ ကျွန်မတို့ လူနာတွေကို လွှဲပြောင်းလက်ခံနိုင်တဲ့ အခြေ အနေတွေရှိလာတဲ့ပေါ် မူတည်ပြီး လွှဲပြောင်း ရေးအစီအစဉ်တွေကိုစပြီး အကောင်အ ထည်ဖော်ခဲ့တာပါ။ သာကေတဆေးခန်းက လူနာတွေကို လွှဲပြောင်းပြီးရင်တော့ MSF က ရန်ကုန်မှာမလုပ်တော့ပါဘူး” ဟု ဒေါက်တာ မြသီတာက ပြောကြားသည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ကုသပေးနေသော အိပ်ချ်အိုင်ဗွီ လူနာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တဖြည်းဖြည်း လွှဲပြောင်းနေ ပြီး ယခုအခါ ဗန်းမော်၊ ရှမ်းပြည်နယ် လားရှိုး နှင့် သီပေါအကျဉ်းထောင်ရှိ လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုး သားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်သို့ တဖြည်းဖြည်းလွှဲပြောင်းပေး လျက်ရှိကြောင်းလည်း သိရသည်။
MSF သည် မြစ်ကြီးနားအကျဉ်းထောင်တွင် အိပ်ချ်အိုင်ဗွီရောဂါကုသမှုနှင့် တီဘီရောဂါ တွဲဖက်ခံစားရသော လူနာများအတွက် ကုသမှုများကို ၂၀၁၀ ပြည့်နှစ်မှစတင် ၍ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် မတ်လတွင် မြစ်ကြီးနား အကျဉ်းထောင်ရှိ လူနာများကို အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်သို့ အပြီးသတ်လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ် သြဂုတ်မှ စတင်၍ အိပ်ချ်အိုင်ဗွီ လူနာ ၁၂၆ ဦးကို တစ်ဆင့်ပြီးတစ်ဆင့် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
MSF သည် မြန်မာနိုင်ငံတွင် အေအာတီကုထုံးဖြင့် ပထမဆုံး ကုသပေးခဲ့သောအဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်တွင် ၁၉၉၈ ခုနှစ် ကတည်းက စတင်လုပ်ကိုင်ခဲ့ကြောင်းနှင့် MSF သည် ကချင်ပြည်နယ်အတွင်းရှိ လူနာပေါင်း ၁၀၀၀၀ ကျော်နှင့် တစ်နိုင်ငံလုံးအနေဖြင့် လူနာပေါင်း ၁၈၀၀၀ ကျော်အတွက် အိပ်ချ်အိုင်ဗွီ ရောဂါကုသမှုများကို ဆက် လက်ပြုလုပ်ပေးလျက်ရှိကြောင်း MSF မှ ရရှိသည့် အချက်အလက်များအရ သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
