အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ပြီး ကမ္ဘာတစ်ဝန်းတွင် လူ ၁၆ သန်းအား ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၄ ဘီလျံ ရရှိရေး ရည်မှန်းချက် ချထားသော အစိုးရများ၊ အများအကျိုးပြု ဆောင်ရွက်သူများ၊ ပုဂ္ဂလိကလုပ်ငန်းများ၏ ကြိုးပမ်းမှုသည် နီးစပ်နေပြီဖြစ်ကြောင်း ပြင် သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အောက်တိုဘာ ၁၀ တွင် ပြောကြားခဲ့သည်။
အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် ပြင်သစ်၏ လိုင်ယွန်မြို့တွင် Global Fund ၏ ရန်ပုံငွေ ဖြည့်တင်းရေး အစည်းအဝေး၌ အလှူငွေများအတွက် ကတိကဝတ်များ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးတွင် မက်ခရွန်သည် လှူဒါန်းမှုများ အရှိန်မြှင့်ကြရန် သံတမန်ရေး အားထုတ်မှုကို အပြင်းအထန် ဆောင်ရွက်ခဲ့သည်။
“ကျွန်တော်တို့ တောင်းဆိုနေတဲ့ အလှူငွေတွေက အကူအညီဆိုတာမျိုး မဟုတ်ပါဘူး။ မတရားမှုကို ဆန့်ကျင်ဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်ချက်ပါ “ ဟု မက်ခရွန်က တက်ရောက်လာသော ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။
ဆင်းရဲသောနိုင်ငံများတွင် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ သုံးမျိုးကြောင့် သေဆုံးမှုအချိုးအစားကို မက်ခရွန်က ထောက်ပြခဲ့သည်။ ဒေါ်လာ ၁၄ ဘီလျံ တောင်းဆိုမှုသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခု နှစ်အတွင်း လူ ၁၆ သန်း၏ အသက်ကို ကယ်တင်ရန် လိုအပ်မည့် ပမာဏကို တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။
ရန်ပုံငွေများ ပိုမိုရရှိရန် ကြိုးပမ်းသည့်အနေနှင့် ကာတာစော်ဘွားမှသည် အာမေးနီးယန်းဝန်ကြီးချုပ်အထိ နိုင်ငံခေါင်းဆောင်များနှင့် ဆက်သွယ်တွေ့ဆုံခဲ့ပြီးနောက် အလှူ ကတိကဝတ် ဒေါ်လာ ၁၃.၉၂ ဘီလျံ ရရှိခဲ့ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။
ပြင်သစ်က ဒေါ်လာသန်း ၆၀ ထပ်မံထည့်ဝင်မည်ဟု ကတိပြုခဲ့ပြီး ထိုပမာဏသည် မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီဂိတ်၏ လှူဒါန်းမှုနှင့် ညီတူမျှတူဖြစ်သည်။
ရည်မှန်းချက်ပြည့်မီရေးအတွက် ဒီဇင်ဘာတွင် နောက်ထပ်ဒေါ်လာ သန်း ၁၀၀ ရရှိရန် ဆောင်ရွက်သွားမည်ဟုလည်း မက်ခရွန်က ပြောကြားခဲ့သည်။ အထူးသဖြင့် ဂျပန်ထံမှ ပို၍ထည့်ဝင်လှူဒါန်းမှုကို တိုက်တွန်းမည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။
ရောဂါဆိုး သုံးမျိုးမှ နှစ်စဉ်သေဆုံးမှုကို ထက်ဝက်လျှော့ချရန် ရည်မှန်းထားပြီး ရောဂါကူးစက်ခံရမှု ၂၃၄ သန်းကို ပြောင်းလဲပစ်ရန်လည်း ရည်မှန်းနေကြောင်း Global Fund ၏ ရန်ပုံငွေဆိုင်ရာဥက္ကဋ္ဌ ပီတာဆင်းက ပြောကြားခဲ့သည်။
အိတ်ချ်အိုင်ဗွီနှင့် ဆက်နွှယ်၍ သေဆုံးမှုသည် ယမန်နှစ်က ၇၇၀၀၀၀ ရှိခဲ့ပြီး ထပ်မံကူးစက်ခံရမှု ၁.၇ သန်း ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။ တီဘီကြောင့် ၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၁.၇ သန်းရှိခဲ့ပြီး ငှက်ဖျားကြောင့် သေဆုံးသူ ၄၃၀၀၀၀ ကျော် ရှိခဲ့သည်။
၂၀၀၂ ခုနှစ်တွင် Global Fund ကို တည်ထောင်ခဲ့ပြီးနောက် လိုင်ယွန်တွင် ကျင်းပသော နှစ်ရက်ကြာ အစည်းအဝေးသည် ရန်ပုံငွေ ဖြည့်တင်းရေးအတွက် ခြောက်ကြိမ်မြောက်အစည်းအဝေးဖြစ်သည်။
အမေရိကန်က ဒေါ်လာ ၄.၆၈ ဘီလျံ လှူဒါန်းထားပြီး အများဆုံးထည့်ဝင်ထားသည်။ ပြင်သစ်က ထည့်ဝင်မှုသည် ဒေါ်လာ ၁.၄၃ ဘီလျံ ထိရှိပြီဖြစ်သည်။ Global Fund သည် ကမ္ဘာတစ်ဝန်းတွင် ပြည်သူ့ကျန်းမာရေးအစီအစဉ်များကို ထောက်ပံ့ရန် နှစ်စဉ်ဒေါ်လာ ၄ ဘီလျံခန့် ရင်းနှီးမြှုပ်နှံနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
