အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက်ကို ငြိမ်းချမ်းရေးဆိုင်ရာနိုဗယ်ဆု ချီးမြှင့်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ အီသီယိုးပီးယား၏ ကာလကြာရှည်နေပြီဖြစ်သောအီရစ်ထရီးယားနှင့် နယ်စပ်ပဋိပက္ခကို အဆုံးသတ်နိုင်ရန် သူ၏အားထုတ်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အဆိုပါဆုကို ချီးမြှင့်ခြင်းဖြစ်သည်။
ပြည်တွင်း၌ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့သည့် အီသီယိုးပီးယားခေါင်းဆောင် အဘီ၏ အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း နော်ဝေနိုဗယ် ဆုရွေးချယ်ရေးအဖွဲ့က အောက်တိုဘာ ၁၁ ရက်တွင် ချီးကျူးခဲ့သည်။
အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ ဘီရစ်ရစ်အန်း ဒါဆင်က သူ့အားဆုပေးရန် စောလွန်းနေသေးသည်ဟု အချို့က ယူဆကောင်းယူဆနိုင်သော်လည်း ယခုအခါ အဘီအာမက်၏ အားထုတ်မှုများကို အသိအမှတ်ပြုရန် လိုအပ်ပြီး သူသည် အားပေးရန်ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။
ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများက ကာလရှည်ကြာ အုပ်စိုးလာသည့် ညွန့်ပေါင်းအစိုးရကို ဖိအားပေးခဲ့ပြီး ကမ္ဘာ့စီးပွားရေးကြီးထွားမှုအမြန်ဆုံး နိုင်ငံကို ထိခိုက်စေခဲ့ပြီးနောက် အဘီ (၄၃ နှစ်) က အာဏာရလာခြင်းဖြစ်သည်။
ယင်းနောက် အာဖရိက၏ အငယ်ဆုံးခေါင်းဆောင်သည် ထိရောက်သော ပြုပြင်ပြောင်းလဲမှုများကို အလျင်အမြန် ကြေညာခဲ့ပြီး Abiymania ဟု ခေါ်ဆိုသော လုပ်ငန်းစဉ်များကို စတင်ခဲ့သည်။
ရေရှည်မငြိမ်မသက်မှုများ ရှိခဲ့သည့် အာဖရိကဦးချိုဒေသတွင် အဘီ၏ ပြုပြင်ပြောင်းလဲမှုများအနက် အ့ံအားသင့်ဖွယ်အဖြစ် အဘီသည် အီရစ်ထရီးယားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အာဖရိက၏ အရှည်လျားဆုံး ပဋိပက္ခတစ်ရပ်ကို အဆုံးသတ်နိုင်ခဲ့သည်။
သီတင်းပတ်အနည်းငယ်အတွင်း အီရစ်ထရီးယားကို ကြာရှည်စွာ အုပ်စိုးလာသည့် ခေါင်းဆောင်သည် သိသိသာသာ ပြောင်းလဲသွားပြီး အဒစ်အဘာဘာသို့ လာရောက်ကာ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လူထုအတွက် ဆောင်ရွက်ပေးနိုင်မှုမှာ ရေရှည်ကွဲကွာခဲ့ရသော မိသားစုဝင်များ ဝမ်းသာမျက်ရည်ဖြင့် ပြန်လည်ပေါင်းဆုံနိုင်ခဲ့ခြင်းဖြစ်သည်။
ဆက်ဆံရေးများ တိုးတက်လာခြင်းက ကမ္ဘာ့အထီးအကျန်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီရစ်ထရီးယားကို ကုလသမဂ္ဂက ပိတ်ဆို့မှုများ ရုပ်သိမ်းပေးလိုက်ခြင်းဆီသို့ ဦးတည်သွားစေခဲ့သည်။ သို့သော် အီသီယိုးပီးယား၏ ပြုပြင်ပြောင်းလဲမှုများက အိမ်နီးချင်းနိုင်ငံနှင့် နယ်စပ်စခန်းများကို ပိတ်ထားခဲ့မှုများကြောင့် အီရစ်ထရီးယားနိုင်ငံအတွက် ဆွဲဆောင်မှုရှိသည့်ပုံ မပေါ်ခဲ့ပေ။
အဘီသည် ပြည်တွင်း၌ နိုင်ငံရေးအရအံ့အားသင့်ဖွယ်များကို တစ်ခုပြီး တစ်ခု ကမ်းလှမ်းခဲ့သည်။ သူသည် သောင်းနှင့်ချီသော အကျဉ်းသားများကို လွှတ်ပေးခြင်း၊ တစ်ချိန်က ပိတ်ပင်ထားခဲ့သည့် အတိုက်အခံ အဖွဲ့များကို ကြိုဆိုခြင်းနှင့် ယခင်က မတရားမှုများကို အသိအမှတ်ပြုဝန်ခံခြင်းတို့ ပြုလုပ်ခဲ့သည်။ ပြည်သူများအနေဖြင့် လူမှုမီဒီယာများ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ပြုလုပ်ပေးမည်ဟု အဘီက ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
