မန်ယူအသင်းအနေဖြင့် အသင်းနည်းပြဖြစ်သူ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်လျှင် ပေါင် ၁၇ ဒသမ ၅ သန်းအထိ ကုန်ကျနိုင်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
တန်ဟက်ဂ်အတွက်ကုန်ကျမည့် ငွေကြေးပမာဏသည် မကြာသေမီးကမှ အသင်းဝန်ထမ်း ၂၅၀ ဦး လျှော့ချမှုကြောင့် သက်သာသွားသည့် ငွေပမာဏ၏ထက်ဝက်ခန့် ရှိနေကြောင်း သိရသည်။ မန်ယူအသင်းသည် တန်ဟက်ဂ်အား ပြီးခဲ့သည့်ရာသီကုန်ပိုင်း၌ ရာထူးမှ ထုတ်ပယ်ရန် နီးစပ်ခဲ့သော်လည်း FA ဖလားကို မထင်မှတ်ဘဲ ရယူပေးခဲ့ခြင်းကြောင့် အသင်းနည်းပြအဖြစ် ဆက်ထားခဲ့ ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားခြင်းဖြစ်သည်။
မန်ယူအသင်းသည် လာမည့် နှစ်ပွဲတွင် ပေါ်တိုနှင့် ယူရိုပါလိဂ် အဝေးကွင်းပွဲ၊ အက်စတွန်ဗီလာနှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲများ ကစားရမည်ဖြစ်ပြီး ယင်းပွဲနှစ်ပွဲမှ ရလဒ်များမှာ နည်းပြ တန်ဟက်ဂ်၏ အနာဂတ်အတွက် အလွန်အရေးပါလျက်ရှိကြောင်း သိရသည်။
ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် အဲရစ်တန်ဟက်ဂ်မှာ အလေးပေးမှုအမြင့် ဆုံးဖြင့် ထိပ်ဆုံးနေရာ ရောက်ရှိလာကြောင်း သိရသည်။ တန်ဟက်အနေဖြင့် ယခုတစ်ပတ်ပွဲစဉ်မတိုင်မီ ထုတ်ပယ်ခံရနိုင်သည့် စာရင်းတွင် တတိယနေရာ ရပ်တည်နေရာမှ ထိပ်ဆုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။ Sky Bet ၏လောင်းကြေးထုတ်ပြန်မှုအရ တန်ဟက်မှာ အလေးပေးမှု ၁/၂ ဖြင့် ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးဖြစ်နေသည်။
မန်ယူအသင်းသည် လက်ရှိတွင် အမှတ်ပေးဇယား အဆင့် ၁၂ နေရာ ရောက်နေပြီး ခြောက်ပွဲကစားပြီးချိန် ခုနစ်မှတ်သာ ရထားသောကြောင့် ကလပ်သမိုင်းတွင် အဆိုးရွားဆုံး ပရီးမီးယားလိဂ် ရာသီအစမှတ်တမ်းနှင့် တူညီစေခဲ့သည်။ ထို့ပြင် ယင်းခြောက်ပွဲတွင် ငါးဂိုးသာ သွင်းယူနိုင်ခြင်းမှာ၂၀၀၇-၀၈ ရာသီနောက်ပိုင်း ဂိုးအနည်းဆုံးဖြစ်ခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်၌ကစားသည့် ပရီးမီးယား လိဂ် နှစ်ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ အရေးနိမ့်ခြင်းမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာနောက်ပိုင်း ပထမဆုံးဖြစ်ပြီး ယင်းအချိန်က နည်းပြဖြစ်သူ ဆိုးလ်ရှားသည် အဆိုပါရလဒ်ကြောင့်ပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ဂန္ထဝင်နည်းပြ ဖာဂူဆန်လက်ထက် ၁၀၃၅ ပွဲတွင် အနည်းဆုံး ၃ ဂိုးနှင့်အထက် ပေးရပြီးနောက် အရေးနိမ့်ခဲ့ခြင်းမှာ ၂၂ ပွဲသာရှိခဲ့ပြီး ဖာဂူဆန် အသင်းမှ ထွက်ခွာသွားချိန် ၄၂၄ ပွဲတွင် ၂၃ ပွဲအထိ ရှုံးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
