ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ အီတူးကို နိုင်ငံတကာဘောလုံးပွဲများ တက်ရောက်ခွင့် ခြောက်လ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာနှင့် ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းဖြစ်သူ အီတူးသည် FIFA ၏ စည်းကမ်းပိုင်းဆိုင်ရာ အချက်အလက်နှစ်ခုကို ချိုးဖောက်ခဲ့သဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။ ယခုအရေးယူမှုဖြစ်စဉ်ကို FIFA က ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့သော်လည်း စက်တင်ဘာ ၁၁ ရက်က ကိုလံဘီယာတွင် ကျင်းပခဲ့သည့် ကင်မရွန်း-ဘရာဇီးလ် ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ် နှင့် ဆက်စပ်နေကြောင်း သိရသည်။
ယင်းပွဲ၌ ဘရာဇီးလ်အသင်း ချေပဂိုးရစေမည့် ပယ်နယ်တီပေးခဲ့ရမှုအပေါ် အီတူးဦးဆောင်သည့် ကင်မရွန်းအဖွဲ့က ကွင်းအတွင်း ဒေါသတကြီး ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ FIFA ၏ထုတ်ပြန်ချက်တွင်မူ စော်ကားသည့်အပြုအမူ၊ Fair play စည်းမျဉ်းများကို ချိုးဖောက်မှု၊ ကစားသမားများနှင့် တာဝန်ရှိသူများအပေါ် လက်မခံနိုင်သည့် အပြုအမူများနှင့်တုံ့ပြန်မှု စသည့်အချက်များဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့သည်။
အီတူး (၄၃ နှစ်) သည် သက်တမ်းလိုက် လက်ရွေးစင်အသင်း ပွဲများအပါအဝင် ကင်မရွန်း အမျိုးသားနှင့် အမျိုးသမီးအသင်းများ၏ပွဲစဉ်များ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရခြင်းလည်းဖြစ်သည်။ အီတူး၏ပြစ်ဒဏ်သည် စက်တင်ဘာ ၃၀ ရက်တွင် စတင်သက်ရောက်ခဲ့သည်။
အီတူးသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုတစ်ခုကြောင့် ဒဏ်ငွေ ဒေါ်လာ နှစ်သိန်း တပ်ရိုက်ခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
