ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ရာသီသစ်မစတင်မီ နွေရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ ပရီးမီးယားလိဂ်ရာသီကို သြ ဂုတ်လအတွင်း စတင်လေ့ရှိပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို သြဂုတ်လကုန်မှသာ ပိတ်သိမ်းလေ့ ရှိသည်။ ယခုစတင်ကျင်းပလျက်ရှိသည့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ် (၁၆)တွင် စတင်ခဲ့ပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို သြဂုတ် (၃၀)တွင် ပိတ်သိမ်းခဲ့သည်။
ယင်းကဲ့သို့ ရာသီသစ် စတင်ပြီးမှ အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခြင်းမှာ ကလပ်အသင်းများ၏ ပြင်ဆင်မှုကို ထိခိုက်မှုရှိစေသည်ဟု ကလပ်အသင်းတာဝန်ရှိသူများက ယူဆသည့်အတွက် ရာသီသစ်မစတင်မီ စျေးကွက်ပိတ်သိမ်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုရာသီအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းပိုင်ရှင်များ၏ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ကြာသပတေးနေ့က လန်ဒန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံပွဲတွင် အပြောင်းအရွှေ့စျေးကွက်အား စောစီးစွာပိတ်သိမ်းရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။
ယင်းသို့ သဘောတူညီမှုရရှိကြောင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ခြင်းမရှိသေးသော်လည်း လာမည့် ၂၀၂၅ ခုနှစ် နွေရာသီအပြောင်း အရွှေ့စျေးကွက်ကို သြဂုတ် (၁၅)တွင် ပိတ်သိမ်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်က ပြိုင်ဘက်လိဂ်များအနေဖြင့်လည်း ရာသီသစ်မစမီ စျေးကွက်ပိတ်သိမ်းရန် စည်းရုံးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
