မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တွင် သီရိလင်္ကာလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲမတိုင်မီ ရက်ပိုင်းအလိုမှသာ ကစားသမားအစုံအလင် လေ့ကျင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် သီရိလင်္ကာအသင်းနှင့် ခြေစမ်းပွဲအတွက် စက်တင်ဘာ ၂၄ ရက်တွင် စတင်လေ့ကျင့်ခဲ့သော်လည်း ပြည်ပကလပ်အသင်းများတွင် ကစားနေသူများအနေဖြင့် အောက်တိုဘာ ၅ ရက် နောက်ပိုင်းမှသာ အသင်းနှင့် လာရောက်ပူးပေါင်းနိုင်မည်ဖြစ်သည်။
ပြည်ပလိဂ်ပြိုင်ပွဲများမှာ နိုင်ငံတကာရက်သတ္တပတ်မှသာ လိဂ်ပြိုင်ပွဲများကို ရပ်နားလေ့ရှိသဖြင့် ပြည်ပလိဂ်ပြိုင်ပွဲများတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမားများအနေဖြင့် ကြိုတင် ပူးပေါင်းနိုင်ခြင်းမရှိဘဲ နိုင်ငံတကာရက်သတ္တပတ်မှသာ ပူးပေါင်းနိုင်ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ် ဦးမျိုးလှိုင်ဝင်းသည် သီရိလင်္ကာလက်ရွေးစင်အသင်း နှင့် ခြေစမ်းပွဲအတွက် ပဏာမကစားသမား ၃၉ ဦးရွေးချယ်ထားပြီး ယင်းကစားသမားများတွင် ပြည်တွင်းကလပ်များတွင် ကစားနေသူ ၃၂ ဦးနှင့် ပြည်ပကလပ်များတွင် ကစားနေ သူ ခုနစ်ဦး ပါဝင်နေသည်။ မြန်မာ့လက်ရွေး စင်အသင်းသည် ပြည်ပကလပ်အသင်းများ တွင် ကစားနေသူများအနက် မောင်မောင်လွင်၊ ဝင်းနိုင်ထွန်း၊ သန်းပိုင်၊ စိုးမိုးကျော်၊ ဟိန်းထက်အောင်၊ ကျော်မင်းဦးနှင့် လွင်မိုးအောင်တို့ကို ရွေးချယ်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာလက်ရွေးစင်အသင်းသည် အောက်တို ဘာ ၁၀၊ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းအတွက် ယခုနှစ်အတွင်း ပထမဆုံးကစားသည့် နိုင်ငံတကာ ခြေစမ်းပွဲလည်းဖြစ်သည်။
ထို့ပြင် စက်တင်ဘာတွင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် အသစ်ခန့်အပ်ခြင်းခံရသည့် ဦးမျိုးလှိုင်ဝင်းအတွက်လည်း ပထမဆုံးကိုင်တွယ်ရမည့်ပွဲဖြစ်လာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင်လည်း ခြေစမ်းပွဲ နှစ်ပွဲကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
