ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-တောင်ကြီးသွားလမ်းပိုင်းတွင် ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တို့ မတော်တဆ တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်မှ ကလေးငယ် အပါဝင် မိသား စုဝင် (၃)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၁)ရက်၊ ညနေပိုင်းအချိန်ခန့်က အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အကျော်ကွေ့၌ ကားနှင့် ဆို င်ကယ်တိုက်မိပြီး ထိခိုက်ဒဏ်ရာရသူများရှိသည့်အတွက် လာရောက်ကူညီပေးပါရန် အကြောင်းကြားချက်အရ အသ င်းမှ ကူညီရန် သွားရောက်ခဲ့ကြောင်း သိရသည်။
“အောင်ပန်းမြို့ ဆိုင်းဘုတ်အကျော်ကွေ့မှာ ကားနဲ့ ဆိုင်က ယ် မတော်တဆ တိုက်မိတာပေါ့။ မိုးရွာထားတော့ လမ်းတွေကလည်း ချော်နေတာ။ ဒဏ်ရာရသူတွေက သာမိုင်းခမ်းရွာမှာ နေထိုင်သူတွေဖြစ်တယ်။ အမျိုးသားက အရိုးကျိုးတဲ့အ ထိ ဒဏ်ရာရလို့ စဝ်စံထွန်း ဆေးရုံကို ဆက်လက် ပို့ဆောင်ပေးခဲ့တယ်”ဟု အသင်းက ဆိုထားသည်။
အခင်းဖြစ်ပွားရာ နေရာတွင် ဆိုင်ကယ်ပေါ်မှ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁)ဦးနှင့် ကလေးငယ် (၁)ဦးတို့ ထိခိုက်ဒ ဏ်ရာများ ရရှိထားသည့်အတွက် အောင်ပန်းဆေးရုံ အရေးပေါ်ဌာန သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အောင်ပန်းဆေးရုံအရေးပေါ်ဌာနမှ တာဝန်ကျ ဆရာဝန်/ဆ ရာမများမှ အရေးပေါ်ဆေးကုသမူပေးခဲ့ကြပြီး ထိခိုက်ဒဏ် ရာ အရိုးကျိုးလူနာ အမျိုးသားအား တောင်ကြီး စဝ်စံထွန်း ဆေးရုံသို့ ဆက်လက် ပို့ဆာင်ပေးခဲ့ရကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
