ဖနွမ်းပင်၊အောက်တိုဘာ ၁
ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ် ပထမကိုးလအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပမာဏနှင့် ဖမ်းမိသူ အရေအတွက် သိသိသာသာတိုးလာကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ADP) ၏ထုတ်ပြန်ချက်အရသိရသည်။
အာဏာပိုင်များသည် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် သံသယရှိသူ ၁၉,၆၅၅ ဦးကိုဖမ်းဆီးခဲ့ပြီး ယမန်နှစ်အလားတူကာလကဖမ်းဆီးခဲ့သည့် ၁၄,၇၂၂ ဦးထက် ၃၃ ဒသမ ၅ ရာခိုင်နှုန်းတိုးမြင့်လာကာ သံသယရှိသူ ၆၄၀ သည်နိုင်ငံခြားသားများဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။
၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း သံသယရှိသူများ၏ လက်ဝယ်မှ တရားမဝင်မူးယစ်ဆေးဝါး စုစုပေါင်း ၆ ဒသမ ၁ တန်ကို သိမ်းဆည်းရမိခဲ့ပြီး ယမန်နှစ် အလားတူကာလကဖမ်းမိခဲ့သည့် ၂ ဒသမ ၆၈ တန်ထက် ၁၂၇ ရာခိုင်နှုန်းအထိတိုးလာသည်ဟုလည်း အစီရင်ခံစာ၌ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအများစုမှာ ကက်တမင်း၊ခရစ်စတယ်မက်သာဖက်တမင်း၊မက်သာဖက်တမင်းစိတ်ကြွဆေးပြား၊ဘိန်းဖြူနှင့် ကိုကင်းများဖြစ်သည်ဟုဆိုသည်။
ဇွန်လတွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာတွင် တရားမဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် အစိုးရ၏ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဟွန်မာနက်ကပြောကြားခဲ့သည်။
ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့်လည်း နိုက်ကလပ်များနှင့် အခြားဖျော်ဖြေရေးနေရာများတွင် မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနှင့် သုံးစွဲမှုတိုက်ဖျက်ရန် အမိန့်ပေးခဲ့သည်။
ကမ္ဘောဒီးယား၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သက်၍ အပြစ်ရှိသူများကို ေ-သဒဏ်ပေးလေ့မရှိပေ။သို့သော် ၎င်း၏ဥပဒေအရ မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ပိုသော ရောင်းဝယ်ဖောက်ကားမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက တစ်သက်တစ်ကျွန်းအထိထောင်ဒဏ်ချမှတ်နိုင်သည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
