တိုင်ဖွန်းမုန်တိုင်း KRATHON မှာ ထိုင်ဝမ်ကျွန်းသို့ အောက်တိုဘာ (၂) ရက် ညနေပိုင်းက စတင်ဝင်ရောက်မည် ဖြစ်ပြီး ထိုင်ဝမ်ကျွန်းသို့ ဝင်ရောက်ပြီးလျှင် ၎င်းနေရာ အနီးတဝိုက်တွင်သာ
အားပျော့သွားနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အောက်တိုဘာ (၂) ရက် နံနက်အစောပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။
ထို့ကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်၊ တောင်တရုတ်ပင်လယ်များတွင် လေဖိအားနည်း ရပ်ဝန်း/ မုန်တိုင်းဖြစ်လာနိုင်ချေမရှိတော့လျှင် မိုးနှောင်းကာလအဆုံး အောက်တိုဘာ (၇) ရက်ခန့်က စတင်၍ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်သာ နေရာကျဲကျဲ မိုးများနိုင်သည့် အခြေအနေသာ ရှိတော့မည်ဟု ၎င်းက ရေးသားထားသည်။
ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း မိုးရွာသွန်းမှု တဖြည်းဖြည်း လျော့နည်သွားပြီး သီတင်းကျွတ်ပွဲတော် ကာလအတွင်း ခြောက်ခြောက်သွေ့သွေ့နှင့် ဆင်နွှဲနိုင်ကာ မိုးလွန်ကာလအတွင်းမှာလည်း အခါလွန်မိုး/ ဖျက်မိုး ရွာနိုင်မည့် အခြေနေမှ လွတ်ကင်းသွားမည်ဟု ၎င်းက ရေးသားထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
