ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့ တွင် အထွေထွေရွေးကောက်ပွဲအတွက် သန်း ခေါင်စာရင်းများ စတင်ကောက်ယူနေပြီဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင် သူအချို့က ပြောကြားသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက် ယူမှု အောက်တိုဘာ ၁ ရက်တွင် စတင်မည် ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက သတင်းထုတ်ပြန်ထားသည်။
“ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတော့ သန်းခေါင်စာရင်း ဘယ်နေ့ကောက်မယ်ဆို တဲ့စာရွက်လာပေးသွားတယ်။ ဒီနေ့ကတော့ ၁၀ နာရီကျော်လောက်က လာကောက်သွား တယ်” ဟု မြောက်ဒဂုံမြို့နယ် ၂၉ ရပ်ကွက် တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။
အလားတူ သာကေတမြို့နယ်ရှိ ရပ် ကွက်အချို့တွင်လည်း သန်းခေါင်စာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
“ စက်မှုဇုန်ထဲတော့ လာကောက်သွား တယ်။ နေ့လည်လောက်ကပါ”ဟု သာကေ တစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြော ကြားသည်။
ယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူ ပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်း ကို အောက်တိုဘာ ၁ ရက်တွင် စတင်ကောက် ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်လည်းဖြစ် ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန် ထားသည်။
အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင် ရွက်သွားမည်ဖြစ်ရာ မြေပြင်ကွင်းဆင်းစာ ရင်း ကောက်ယူရန်ကျန်ရှိသည့် စာရင်းများ ကိုလည်း ပူးတွဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက စာရင်းကောက်ရမည့်ရက် တိုး မြှင့်ကောက်ယူနိုင်ရေးနှင့် လုံခြုံရေး အပြည့် အဝရယူ၍ ကောက်ယူဆောင်ရွက်နိုင်ရေးတို့ အတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရ မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ဇွန် ၂၈ ရက်က နေ ပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟို ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြော ကြားထားသည်။
ဗဟိုကော်မတီအနေဖြင့် မြေပြင် ကွင်း ဆင်းကောက်ယူခဲ့သည့်စာရင်းအချက်အ လက်များမှ သတ်မှတ်ကာလအပိုင်းအခြား တွင် အသက် ၁၈ နှစ်နှင့်အထက် အတည်ပြု လူဦးရေ စာရင်းကိုလည်း ပြည်လုံးကျွတ်သန်း ခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းနှင့် ပြိုင်တူတင်ပြ၍နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန် ကန်သည့် မဲစာရင်းကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးမြင့် ကြိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ မြန်မာပညာရှင်များက တီထွင်ထားသည့် မဲ ဆန္ဒရှင်စာရင်း စီမံခန့်ခွဲ မှုစနစ်ဆော့ဝဲလ်ကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ဇွန် ၂၄ ရက်က တည်းခိုရေးစခန်း (ရွာ တော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒ ရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဒုတိ ယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ့နဃ ဥက္ကဋ္ဌက ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ကို သမားရိုးကျနည်းလမ်းများဖြင့်သာ ရေး သွင်းပြုစုခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြုစုခြင်းကို ကွန်ပျူတာဆော့ဝဲလ်နှင့် စတင် အသုံးပြုရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပယ်ဖျက်ခဲ့ သည့်၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင်လည်း ပြည်ပအကူအညီ ရယူ ၍ မဲစာရင်းများကို ဆော့ဝဲလ်စနစ်ဖြင့် ရေး ဆွဲရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
