မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တောင်ကျရေထဲ ယာဉ်တစ်စီးနှင့် ယာဉ်မောင်းတို့ ရေစီးနှင့် မျောပါသွားခဲ့ရာ ယနေ့ အောက်တိုဘာ (၂) ရက် နံနက်ပိုင်းတွင် ကားကို ပြန်လည် တွေ့ရှိပြီး ကြိုးစားဆယ်ယူနေကြဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး)မှ ကနဦး သတင်းများအရ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၁)ရက် ညပိုင်းက ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံ အနီးရှိ တောင်ကျချောင်း တစ်ခု၌ မော်တော်ယာဉ်ဖြတ်သန်းချိန် တောင်ကျရေအရှိန်ကြော င့် Pro box အမျိုးအစား ယာဉ်တစ်စီးနှင့်အတူ ယာဉ်မောင်း မျောပါသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ကျောက်ဆည်မြို့နယ်ရုံး)မှ ထူးခြားဖြစ်စဉ်အဖြစ် သတင်းပေးပို့လာသဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ
အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ပူးပေါင်းကူညီရှာဖွေခဲ့ကြောင်း သိရသည်။
“မနေ့ညပိုင်းက ကျောက်ဆည် ဆင်မင်းရေကျော်မှာ တောင်ကျရေထဲပါသွားတဲ့ ကားနဲ့လူ
တစ်ညလုံး ရှာနေတာ မတွေ့ဘူး။ အခု မနက်ပိုင်းမှာ ကားကိုတော့ ပြန်တွေ့ပြီ။ ဆယ်ဖို့အတွက် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ဆိုထားသည်။
ထိုသို့ ရှာဖွေရာ အောက်တိုဘာ (၂)ရက် နံနက်အစောပိုင်း(၂) နာရီ၊ (၄၅)မိနစ်အချိန်ထိ ယာဉ်အား မတွေ့ရှိသေးကြောင်းနှင့် အောက်တိုဘာ (၂)ရက် နံနက်ပိုင်းတွင် ဆက်လက်ရှာဖွေခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ကားကို ပြန်လည်တွေ့ရှိထားပြီ ဆယ်ယူရရှိနိုင်ရန် ကြိုးစားနေကြဆဲဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
