အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခများကို အရှိန်မြင့်သည်ထက် မြင့်ကာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာစရေန် ပြုလုပ်နေခြင်းများအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ရှုတ်ချလိုက်သည်။
“အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကို အရှိန်မြှင့်ပြီးရင်း မြှင့်ပြီး ပဋိပက္ခတွေ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေတာကို ကျွန်တော် ရှုတ်ချပါတယ်။ ရပ်ကြပါ။ အပစ်အခတ်ရပ်စဲရေးကို ကျုပ်တို့ ချွင်းချက်မရှိ လိုအပ်နေပါတယ်”ဟု ဂူတားရက်စ်၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းမှစတင်၍ အီရန်နိုင်ငံက ဒုံးကျည် ၅၀၀ နီးပါး ခန့်ဖြင့် အစ္စရေးနိုင်ငံအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံက ကနဦးသတင်းထုတ်ပြန်ခဲ့ကာ နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ပြည်သူများအား အမိုးအကာများတွင် ခိုလှုရန် အမိန့်ပေးခဲ့သည်။ နောက်ဆုံးရရှိသော အချက်အလက်များအရ အီရန်တိုသည် ဒုံးကျည် ၁၈၀ ခန့်ကို အစ္စရေးဘက်သို ပစ်လွှတ်ခဲ့သော်လည်း အများစုမှာ ကြားဖြတ်ပစ်ချခြင်း ခံခဲ့ရသည်ဟု အစ္စရေးက ဆိုသည်။
ထို့အပြင် အီရန်နိုင်ငံက အစ္စရေးနိုင်ငံအားဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် ကြီးမားသော အမှားကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်းနှင့် အီရန်အနေဖြင့် ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတိပေးပြောကြားလိုက်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
