မန္တလေးတိုင်း၊ မြစ်သားမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂ ရက်က ပန်းလောင်မြစ်ရေမြင့်တက်ကာ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့နှင့်ဒေသခံများထံမှ သိရသည်။
ထိုသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ၌ ရွှေပေါ်ကျွန်းကျေးရွာတွင် ပိုမိုဝင်ရောက်နေသဖြင့် ကျေးရွာအတွင်းနေထိုင်သူများအား မြစ်သားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ရာသို့ရွှေ့ ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ပန်းလောင်မြစ်ရေမြင့်တက်လာခြင်းသည် မြို့နယ်အတွင်းရှိ ကင်းတားရေလှောင်တမံ၏ လက်ခံနိုင်သည့် ရေပမာဏထက်ကျော်လွန်နေခြင်းကြောင့် ရေထိန်းတံခါး(၄)ပေါက်ကိုဖွင့်လှစ်ခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
ထိုသို့ ရေထိန်းတံခါးများအား ဖွင့်လှစ်ခဲ့ရသဖြင့် ပန်းလောင်မြစ်အနီးနေထိုင်သူများအနေဖြင့် အမြင့်ပိုင်းနေရာများ၌ ယာယီရွှေ့ပြောင်းနေထိုင်ကြရန် မီးသတ်တပ်ဖွဲ့ဝင်များမှ ကြိုတင်အသိပေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂ ရက်နံနက် ၉ နာရီခွဲအထိ ပန်းလောင်မြစ်ဘေးရှိ ရွာခိုင်ကြီး၊ အိမ်ရှ့တောင်၊ ရွှေပေါ်ကျွန်းကျေးရွာတို့၏ အနိမ့်ပိုင်းရပ်ကွက်များတွင် (၂)ပေခန့်၊ ဥသျှစ်ကုန်း၊ ကျန်တော၊ မြို့မ(အရှေ့)၊ မြို့မ(အနောက်)၊ မင်းကုန်း၊ ရွှေသူဌေး၊ ဘူတာရပ်ကွက်၊ ကျွန်းလှ၊ ယွေး၊ လက်ပံဆိပ်ကျေးရွာများတွင်လည်း (၃)ပေခန့်အထိ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
