ထိုင်းနိုင်ငံတွင် ကလေးငယ်များ လိုက်ပါစီးနင်းလာသည့် ကျောင်းကား မီးလောင်မှုဖြစ်စဉ်အတွင်း အနည်းဆုံး ၂၃ ဦး သေဆုံးသွားခဲ့သည်ဟု အောက်တိုဘာ ၁ ရက်တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများက မီးကျွမ်းသွားသော ကားပျက်ထဲမှ ကလေးများ၏ရုပ်အလောင်းများကို ဆွဲထုတ်ခဲ့ရသည်ဟု ဆိုသည်။
ကလေး ၃၈ ဦးကို တင်ဆောင်လာသော ဘက်စ်ကားသည် ဘန်ကောက်မြို့ မြောက်ပိုင်း ဆင်ခြေဖုံးရှိ အဝေးပြေးလမ်းတွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။
ကျောင်း၏အပျော်ခရီးစဉ် တွင် လိုက်ပါလာခဲ့သော ကလေးများမှာ သူငယ်တန်းအရွယ်မှအသက် ၁၂ ကျော်အရွယ် ကျောင်းသားများဖြစ်ပြီး ကျောင်းဆရာ၊ဆရာမ ခြောက်ဦးလည်း ပါဝင်ခဲ့သည်။
ယခု မတော်တဆဖြစ်ရပ်သည် ထိုင်းတွင် ၁၀ နှစ်အတွင်း အပြင်းထန်ဆုံး ကားလမ်းပေါ်က မတော်တဆမှုဖြစ်သည်။
ထိုင်းနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး ယာဉ်အသွားအလာ ဘေးကင်မှု မှတ်တမ်းဖြင့်တစ်နှစ်တွင် လူ ၂၀,၀၀၀ ခန့်သေဆုံးသည့်နိုင်ငံဖြစ်သည်။
"ဘက်စ်ကားထဲမှာ အလောင်း ၂၃ လောင်းကို တွေ့ပါတယ်"ဟု ရဲတပ်ဖွဲ့မှုခင်းသိပ္ပံရုံး၏အကြီးအကဲ ထရိုင်ရွန်ဖော်ပန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အလောင်းများသည် ဆိုးရွားစွာ မီးလောင်ခံထားရသောကြောင့် လူကြီး ဘယ်နှဦး၊ကလေး ဘယ်နှဦး ဆိုသည်ကို အတည်ပြုရန်ခက်ခဲသည်ဟု ၎င်းကပြောသည်။
ထို့ကြောင့် DNA စမ်းသပ်စစ်ဆေးမှုလုပ်ရန်လိုအပ်မည်ဟု ဆိုသည်။
မီးသတ်သမားများနှင့်စုံစမ်းစစ်ဆေးသူများက ဘက်စ်ကား၏မည်းနက်နေသောကိုယ်ထည်မှ အလောင်းများကို ဆွဲထုတ်နေချိန်တွင် ၎င်းတို့ကို အကာအကွယ်ပေးရန် ကယ်ဆယ်ရေးသမားများက အကာအကွယ်များလုပ်ထားခဲ့သည်။
"ပြန်ယူခဲ့တဲ့ အလောင်းအချို့ဟာအလောင်းသေးသေးလေးတွေပါ။ အသက်ငယ်လွန်းနေတဲ့ အလောင်းတွေဖြစ်မှာပါ"ဟု ရှာဖွေမှုကို ဦးဆောင်သော ပီယာလက်သင်ကောက အခင်းဖြစ်ရာနေရာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ မီးသည် ဘက်စ်ကား၏ခေါင်းပိုင်းမှ စတင် လောင်ခဲ့သည်ဟုဆိုသည်။
မီးလောင်ချိန်တွင် ကလေးများသည် ကား၏နောက်ပိုင်းကို ထွက်ပြေးခဲ့သောကြောင့်ကား၏အနောက်ပိုင်းတွင်လည်း ကလေးအလောင်းများကို တွေ့ရသည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
