၂၀၂၂ ခုနှစ်၊ ဟောလိုးဝင်းညက လူပေါင်း ၁၆၀ နီးပါးသေဆုံးစေခဲ့သည့် ဆိုးလ်မြို့၊ အီထယ်ဝန်ရပ်ကွက်အတွင်း လူအုပ်တိုးဝှေ့မှု ၊ လူနင်းခံရမှုဖြစ်ရပ်အတွက် တာဝန်ပေါ့ဆသည့် ရဲအရာရှိသုံးဦးကို စက်တင်ဘာ ၃၀ ရက်တွင် ထောင်ဒဏ်အသီးသီးချမှတ်အရေးယူလိုက်သည်။
ညအချိန်လူစည်ကားရာ အီထယ်ဝန်ရပ်ကွက်အတွင်း လူအုပ်တိုးဝှေ့မှုမဖြစ်အောင်တားနိုင်ခဲ့ခြင်းမရှိ၊ ဖြစ်လာသည့်အခြေအနေကို လုံလောက်သည့်စီမံတုံ့ပြန်မှု မရှိခဲ့ခြင်းတို့ကြောင့် သက်ဆိုင်ရာရဲအရာရှိများကို ပထမဆုံးအရေးယူလိုက်ခြင်းဖြစ်သည်။သို့သော်ထိပ်ပိုင်းအရာရှိများကို အရေးမယူသဖြင့် သေဆုံးသူများဘက်ကမိသားစုဝင်များနှင့် အတိုက်အခံနိုင်ငံရေးသမားများက မကျေမနပ်ဖြစ်နေကြသည်။
အီထယ်ဝန်ဖြစ်ရပ်သည် တောင်ကိုရီးယားတစ်နိုင်ငံလုံးကို စိတ်မကောင်းဖြစ်စေခဲ့ပြီး သေခဲ့သူအများစုက အသက် ၂၀ ကျော်၊ ၃၀ ကျော်လူငယ်များဖြစ်ကာ ဟောလိုးဝင်းညဆင်နွှဲရန် အီထယ်ဝန်တွင်လာစုကြခြင်းဖြစ် သည်။ ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံး၏ စီရင်ချက်အရ အီထယ်ဝန်ကိုကွပ်ကဲသည့် ဆိုးလ်ယုံဆန်ရဲစခန်းမှ ရဲချုပ်ဟောင်းလီအင်ဂျယ်က ထောင်ဒဏ်သုံးနှစ်၊ ဒုတိယရဲအရာရှိက ထောင်ဒဏ်နှစ်နှစ်၊ တတိယရဲအရာရှိက ဆိုင်းငံ့ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရသည်။ အီထယ်ဝန်ဖြစ်ရပ်သည် သဘာဝဘေးအန္တရာယ်မဟုတ်၊ ၎င်းရဲသုံးဦးကသာ အစီအစဉ်တကျပြင်ဆင်ထားခဲ့မည်ဆိုလျှင်၊ အန္တရာယ်ရှိကြောင်း သတိပေးမြန်ခဲ့မည်ဆိုလျှင်၊ ကျန်ရဲဝန်ထမ်းများအား လိုအပ်သလိုကြီးကြပ်ခဲ့မည်ဆိုလျှင် ယင်းအဖြစ်ဆိုးကိုတားနိုင်ခဲ့လိမ့်မည်၊ သို့မဟုတ်လည်း သေကျေသည့်လူအရေအတွက်ကို နည်းခဲ့စေလိမ့်မည်ဟုရုံးတော်က ကြေညာသည်။ ယခုစီရင်ချက် အတွက်ရဲနှင့် အစိုးရရှေ့နေ နှစ်ဘက်စလုံးကို အယူခံဝင်ခွင့်ပြုထားသည်။
စုံစမ်းစစ်ဆေးမှုများအရ လူတိုးဝှေ့မှုဆိုးဆိုးရွားရွားမဖြစ်မီကတည်းက မနိုင်မနင်းအခြေအနေကို လမ်းသွားလမ်းလာများက ရဲတပ်ဖွဲ့ထံသတိပေးအကြောင်းကြားရန် ဖုန်းခေါ်ဆိုခဲ့ကြသည်။သို့သော် ယင်းခေါ်ဆိုမှုများကို ရဲများကလျစ်လျူရှုခဲ့သည်ကို စစ်ဆေးတွေ့ခဲ့ရသည်။
အီထယ်ဝန်သည် ဆိုးလ်မြို့၏အထင် ကရစားသောက်ဆိုင်များ ၊ ဘားများရှိသည့် နေရာဖြစ်ပြီး ဟောလိုးဝင်းပျော်ပွဲရွှင်ပွဲများကို ကျင်းပလာသည်မှာ သက်တမ်းနှစ်ချီရှိလာပြီဖြစ်သည်။ ၎င်းအဖြစ်ဆိုးအတွက် လူထု၏ဒေါသကတောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုနှင့်အစိုးရအဖွဲ့ထံ ပုံကျခဲ့သည်။
အာဏာပိုင်များပြောကြားချက်အရ အခင်းဖြစ်သည့်ညက အီထယ်ဝန်တွင်အရာရှိ ၁၃၇ ဦးရှိနေခဲ့သည်။ လူအုပ်က အဆမတန်များနေခဲ့သည်။လူတိုးမှုစမဖြစ်မီ နာရီပိုင်းအလို ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၃၀ ကျော်ပြီးသည့်နှင့် ပြဿနာစလာခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင်ထွက်လာသည့် အစီရင်ခံစာတွင် မြို့တွင်းမြူနီစီပယ်နှင့် အရေးပေါ်တုံ့ပြန်ရေးအရာရှိများက အစီအမံအားနည်းမှု ၊ အရေးပေါ်အခြေအနေနှင့် ကြုံချိန် တုံ့ပြန်မှုအားနည်းမှုတို့တွင် တာဝန်ရှိသည်ဟု ဆိုထားသည်။
ဟောလိုးဝင်းညဖြစ်ရပ်အတွင်း သေဆုံးသူ ၁၅၉ ဦး ၊ ဒဏ်ရာရသူ ၂၀၀ နီးပါးရှိပြီး ဖြစ်ရပ်ဆိုးအပြီး အစိုးရက အသက်ရှင်လွတ်မြောက်လာသူများအတွက် အကြံပေးဆွေးနွေးနိုင်မည့် trauma centre တစ်ခုဖွင့်ပေးခဲ့သည်။ Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
