မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အောက်တိုဘာ (၁)ရက် ညပိုင်းကဖြစ်ပွားခဲ့သည့် တောင်ကျရေနှင့် ယာဉ်တစ်စီး မျောပါသွားသည့် ဖြစ်စဉ်မှ ယာဉ်နှင့်အတူပါသွားသည့် အမှတ် (၂) ဘိလပ်မြေစက်ရုံမှူး၏ ရုပ်အလော=င်းနှင့် ယာဉ်ကို ဆယ်ယူရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး)မှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၁)ရက် ညပိုင်းက ကျောက်ဆည်မြို့နယ်ရှိ၊ အမှတ်(၂) ဘိလပ်မြေစက်ရုံ အနီးရှိ တောင်ကျ ချောင်း တစ်ခု၌ မော်တော်ယာဉ်ဖြတ်သန်းချိန် တောင်ကျရေအရှိန်ကြောင့် Probox အမျိုးအစား ယာဉ်နှင့်အတူ ယာဉ်မောင်းတို့ မျောပါသွားခဲ့ကြောင်း သိရသည်။
“ကားကိုလည်း ဆယ်ယူနိုင်ခဲ့ပြီ။ ယာဉ်မောင်းကိုတော့ ေ- သဆုံးလျက် ရုပ်အလေ=ာင်းကို ပြန်တွေ့ခဲ့ပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ဆိုသည်။
အခင်းဖြစ် နေရာတွင် နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး)နှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ စက်ရုံဝန်ထမ်းများက သွားရောက်ပူးပေါင်းကူညီရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ အောက်တိုဘာ (၂)ရက် နံနက်ပိုင်းတွင်ယာဉ် နှင့် ယာဉ်မောင်း ရုပ်အလေ-ာင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ယာဉ်မောင်းမှာ ဘိလပ်မြေစက်ရုံ(၂)မှ စက်ရုံမှူးဖြစ်ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
