“မနေ့ညက မော့ဆက်ထောက်လှမ်းရေးဌာနချုပ်နဲ့ Nevatim နဲ့ Hatzerim ဆိုတဲ့ လေတပ်အခြေစိုက်စခန်းတွေ၊ ရေဒါစခန်းတွေနဲ့ အစ္စရေးတင့်ကားအစုအဝေးတွေကို တိုက်ခိုက်ခဲ့ပါတယ်” ဟု အီရန် စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၁ ရက်ညတွင် အီရန်စစ်တပ်၏ ထိပ်တန်းယူနစ်များသည် ပဲ့ထိန်းဒုံးကျည်များနှင့် အသံထက်မြန်သော ဒုံးကျည်များကို အသုံးပြု၍ အစ္စရေးနိုင်ငံအား ကြီးမားသော လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် လေကြောင်းသတိပေးချက်ထုတ်ပြန်ခဲ့ပြီး အရပ်သားများကို အမိုးအကာအောက်တွက် နေထိုင်ကြရန် သက်ဆိုင်ရာအာဏာပိုင်များက အမိန့်ပေးခဲ့သည်။ အီရန်မှ ပစ်လွှတ်သော ဒုံးကျည်များ၏ ၉၀ရာခိုင်နှုန်းသည် ၎င်းတို့ သတ်မှတ်ထားသော ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
အီရန်က ဒုံးကျည် ၅၀၀ နီးပါးဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက်တွင်မူ အီရန်တို့က ဒုံးကျည် ၁၈၀ ခန့်ကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သော်လည်း အများစုမှာ ကြားဖြတ်ပစ်ချခြင်း ခံခဲ့ရသည်ဟု အစ္စရေးတို့က ပြန်လည်ပြင်ဆင် သတင်းထုတ်ပြန်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ “အီရန်ဟာ ဒီနေ့မှာ အမှားကြီးမှားသွားခဲ့ပါပြီ။ အဲဒီအတွက် ပြန်လည်ပေးဆပ်ရပါလိမ့်မယ်။ အီရန်အစိုးရဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဆိုတာနဲ့ ရန်သူတွေကို လက်စားချေဖို့ ဆိုတာကို ကွဲကွဲပြားပြား နားမလည်ပါဘူး” ဟု သူက ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အစ္စရေးတို့က အီရန်ကို ရက်ပိုင်းအတွင်း လက်တုန့်ပြန် ပြန်လည်တိုက်ခိုက်သွားမည်ဟုလည်း အစ္စရေးတာဝန်ရှိသူအချို့၏ ပြောစကားများကို ကိုးကား၍ သတင်းဌာနအချို့က ရေးသားဖော်ပြကြသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကမူ “အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကို အရှိန်မြှင့်ပြီးရင်း မြှင့်ပြီး ပဋိပက္ခတွေ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေတာကို ကျွန်တော် ရှုတ်ချပါတယ်။ ရပ်ကြပါ။ အပစ်အခတ်ရပ်စဲရေးကို ကျုပ်တို ချွင်းချက်မရှိ လိုအပ်နေပါတယ်”ဟု သူ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
