ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့သည့် (၅၆) ကြိမ်မြောက်ထီဖွင့်ပွဲမှ ထီဆုပေါင်း တစ်သောင်းကျော် ယနေ့ချိန်ထိ ထုတ်ယူရန် ကျန်ရှိနေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲမှ အသိပေးကြေညာထားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၅၆) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲ၌ ဆုမဲပေါင်း တစ်သိန်းကျော်ခွဲဝေချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းတွင် ဆုမဲပေါင်းအရေအတွက် ၁၃၆၅၅ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်းနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၁) ရက်အထိ ရန်ကုန်နှင့်မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွင် လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်ရှိနေသည့် ဆုမဲများမှာ ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ (၇)ဆု၊ ကျပ် ၁၀ သိန်း (၃)ဆု စသည့် ဆုလက်မှတ်များပါဝင်းကြောင်း ကြေညာချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
