ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် မူဆယ်မြို့တွင် ယမန်နေ့ အောက်တိုဘာ (၁)ရက်မှစတင်၍ သန်းခေါင်စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သန်းခေါင်းစာရင်းကောက်ယူမှုအား ရက်အလိုက် သတ်မှတ်ရပ်ကွက်များအတွင်း ကောက်ယူလျှက်ရှိပြီး လုံခြုံရေးများတိုးမြှင့်ချထားကြောင်း သိရသည်။
” ဆရာ ဆရာမတွေကလည်းပါတယ်။ လူံခြုံရေးပူးပေါင်းအဖွဲ့တွေလည်းပါတယ်။ အားလုံးအေးဆေးပါပဲဗျ။ ထူးခြားတာမရှိပါဘူး။”ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူမှုအတွက် အောက်တိုဘာ (၁၅) ရက်အထိ နောက်ဆုံးထားကောက်ခံမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများဦးဆောင်၍ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရှမ်း/မြောက်ရှိ တန့်ယန့်မြို့အပါအဝင် အခြားသော မြို့များတွင်လည်း သန်းခေါင်စာရင်း ကောက်ယူမှုကို ယမန်နေ့ အောက်တိုဘာ(၁)ရက်မှစတင်၍ တပြိုင်တည်း ကောက်ယူလျှက်ရှိသည်ဟု အဆိုပါ ဒေသခံကပင် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
