ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့ရှိ ရပ်ကွက်တချို့၌ ယမန်နေ့ အောက်တိုဘာ (၁)ရက်ညပိုင်းတွင် ရေများပြန်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။
ယာဂီမုန်တိုင်းနောက်ဆက်တွဲ မိုးများခြင်းကြောင့် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ကလောမြို့တွင် ရေကြီးရေလျှံခြင်းနှင့် တောင်ပြိုခြင်းများ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပြီး ဖြစ် သည်။
လက်ရှိတွင် ကလောမြို့ ရပ်ကွက် (၂)၊ ရက်ကွက် (၃)၊ ရပ်ကွက် (၄) စသည့် နေရာများ၌ ရေများ ဝင်ရောက်နေပြီး မိုးရွာသွန်းမှုများနေသဖြင့် ရေဆက်တက်မည့် အခြေအနေအား သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။
“နုန်းတွေရှင်းနေတာ၊ ရေကပြန်တက် ၊ ဒီမနက်တော့ မိုးပါးပါးရွာတယ်၊ မိုးမများဖို့ပဲ ၊ မိုးများရင်ရေတင်နိုင်တယ်၊ ရေဆင်းပေါက်တွေ ပိတ်နေတာကြောင့်” ဟု အထက်ပါ ကူညီရေးလုပ်ဆောင်သူက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အောက်တိုဘာ နှစ်ရက် ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
