ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား၌ တိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံးဖြစ်သည့် မိုးညိုမြို့နယ်မှ အသက် (၁၁၇)နှစ်အရွယ် အဘိုး ဦးတင်ဟန်နှင့် ပြည်မြို့နယ်၊ ဗြူးကုန်းကျေးရွာမှ အသက် (၁၁၈)နှစ် အရွယ် အဖွားဒေါ်ခင်ညွှန့်တို့အား ထောက်ပံ့ငွေကျပ်(၃)သိန်းစီ ကန်တော့ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အောက်တိုဘာ (၁)ရက်က ပဲခူးတိုင်းဒေသကြီးရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေသိန်းနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပြီး ပေးအပ်ကန်တော့ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားကာ တက်ရောက်လာသည့် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ အသက် (၈၅)နှစ်အထက် ဘိုးဘွား (၆၀)ဦးအား လှူဖွယ်ပစ္စည်းများပေးအပ်ပြီး တစ်ပါတည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
