ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းကို လာမည့်နှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုစီမံကိန်း ဆောင်ရွက်ပြီးစီးပါက ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားကို ပိုမိုတိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများရေးဆွဲထားပြီး အချိန်ဇယားများအတိုင်း ပြီးစီးနိုင်ရေးအဆင့်ဆင့် ကြပ်မတ်၍ အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်၊ ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ ရောက်ရှိပြီးပစ္စည်းများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထားသိုထိန်းသိမ်းသွားရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက စက်တင်ဘာ ၃၀ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး မှာကြားခဲ့သည်။
လက်ရှိ ၅၀၀ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက်ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၇ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတစ်ခုလုံးအား ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
