တိုင်ပေ၊အောက်တိုဘာ ၂
စက်တင်ဘာလအတွင်းကတိုက်ခတ်ခဲ့သည့် တိုက်ဖွန်းယာဂီကြောင့် ဗီယက်နမ်၊မြန်မာနှင့်ထိုင်းတို့သည် ရေဘေးအကြီးအကျယ်ကြုံတွေ့ခဲ့ရပြီး မြေပြိုကာ လူအေ-သအပျောက်များပြီး ဆုံးရှုံးခြင်းများလည်းမြင့်မားခဲ့သည်။
ယင်းသို့သော သဘာဝဘေးဒဏ်ခံနိုင်ငံများအတွက် ထိုင်ဝမ်ပြည်သူများနှင့် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များက လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို ရက်ရက်ရောရောလှူဒါန်းကာ ပြန်လည်ထူထောင်ရေးအတွက်အကူအညီများကိုလည်း ကူညီပေးခဲ့ကြသည်။
အရှေ့တောင်အာရှနိုင်ငံများသည် ထိုင်ဝမ်၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး ထိုင်ဝမ်ပြည်သူများအနေဖြင့် ဗီယက်နမ်၊ထိုင်းနှင့်မြန်မာတို့ရှိပြည်သူများနှင့်ထပ်တူခံစားရပါကြောင်းပြောကြားခဲ့သည်။
ယင်းနောက် စက်တင်ဘာ ၂၇ ရက်နေ့ကကျင်းပခဲ့သည့် အကြိမ် ၃၀ မြောက် ကမ္ဘာ့ထိုင်ဝမ်ကုန်သည်ကြီးများအသင်းနှစ်ပတ်လည်ညီလာခံဖွင့်ပွဲနှင့် အဆိုပါအသင်းဒါရိုက်တာများနှင့်ကြီးကြပ်ရေးမှူးများ၏ တတိယအကြိမ်မြောက် ပူးတွဲအစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ ထောက်ပံ့ကြေးအစီအစဉ်ကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောကြားပေးခဲ့ခြင်းလည်းဖြစ်သည်။
ယင်းနောက် ဆက်လက်၍ ဝန်ကြီးက ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ၊ဗီယက်နမ်နှင့်ထိုင်းတို့ရှိရေဘေးသင့်ပြည်သူများအတွက် ကန်ဒေါ်လာတစ်သိန်းစီလှူဒါန်းမည်ဖြစ်ကြောင်:ဆိုခဲ့သည်။
ထို့ပြင် အဆိုပါသုံးနိုင်ငံရှိ ထိုင်ဝမ်ကုမ္ပဏီများသည် ထုတ်လုပ်မှုနှင့်လုပ်ငန်းများကို ပုံမှန်အတိုင်း မကြာမီပြန်လည်စတင်နိုင်မည်ဖြစ်ကာ ဒေသတွင်းစီးပွားရေးကိုအထောက်အကူဖြစ်စေကာ ထိုင်ဝမ်နှင့်အရှေ့တောင်အာရှနိုင်ငံများအပြင် နိုင်ငံအသီးသီး၏လူမျိုးများအကြား ချစ်ကြည်ရင်းနှီးမှုပိုတိုးလာစေရန်မျှော်လင့်သည်ဟုလည်းပြောကြားခဲ့သည်။
Source : ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
