လေယာဉ်စီးခရီးသည်များ လုံခြုံစိတ်ချစွာသွားလာနိုင်ရန် လေဆိပ်များတွင် အသုံးပြုနေသော X-ray စက်များနှင့် CCTV များ ကောင်းမွန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက လမ်းညွှန်မှာကြားသည်။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပျံသန်းမှု လမ်းညွှန်ထိန်းသိမ်းရေးဌာနခွဲ၊ Air Traffic Management Centre –ATMC အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် အောက်တိုဘာ (၁)ရက် နံနက်ပိုင်းက တွေ့ဆုံစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။
ဒု-ဝန်ကြီးက လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ကိုင်သွားကြရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို တတ်နိုင်သမျှ အလေးထားဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့ပြင် လေယာဉ်စီးခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းမှုရှိပြီး လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးကို အလေးထားဆောင်ရွက်ကြရန်၊ လေဆိပ်များတွင် အသုံးပြုလျက်ရှိသော X-ray စက်များနှင့် CCTV များ ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်ပြေးလမ်း မီးစနစ်များ ကောင်းမွန်မှုရှိစေရေး၊ လေကြောင်းထိန်းမျှော်စင်များရှိ ဆက်သွယ်ရေးစက်များ ကောင်းမွန်နေစေရေး၊ လေယာဉ်ကွင်း ရာသီဥတုဆိုင်ရာကိရိယာများ ကောင်းမွန်နေစေရေး အလေးထားဆောင်ရွက်သွားရန် ဆက်လက်မှာကြားခဲ့သည်။
ထို့နောက် ATMC Centre ၌ 3D Aerodrome Simulator တပ်ဆင်ထားရှိမှု၊ လေကြောင်းထိန်းသိမ်းရေး စက်ပစ္စည်းအသစ်များ တပ်ဆင်ပြီးစီးမှု၊ Area Control Centre နှင့် လေကြောင်းထိန်းမျှော်စင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မြန်မာအမျိုးသားလေကြောင်း၊ ပျံသန်းမှုလုပ်ငန်းဌာန ပျံသန်းရေးဌာန သင်တန်းခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လေယာဉ်များ စွမ်းအားပြည့် ပျံသန်းပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်/ဝေဟင် အန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်ကြရန် ထပ်မံမှာကြားခဲ့သည်။
ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မြန်မာအမျိုးသား လေကြောင်း၏ လေယာဉ် အကြီးစား ပြင်ဆင်မှု အလုပ်ရုံ(MRO)သို့ သွားရောက်၍ လေယာဉ်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှုရှိစေရေး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
