မန်ယူနည်းပြ တန်ဟက်ဂ်၏ ပြိုင်ပွဲစုံ နောက်ဆုံး (၂၈) ပွဲရလဒ်မှာ လက်ရှိတွင် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ် ဗလင်စီယာအသင်းကို ကိုင်စဉ်က ရလဒ်ထက်ပင် ပိုမိုဆိုးရွားနေကြောင်း သိရသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က စပါးအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ (၀-၃) ဂိုးဖြင့် ရှုံးနိမ့်ပြီး နောက် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၆) အပြီးတွင် ရမှတ် (၇) မှတ်သာ ရရှိထားသည်။ မန်ယူအသင်းသည် တန်ဟက်ဂ် လက်ထက်တွင် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကလည်း ပရီးမီးယားလိဂ်တွင် အဆင့် (၈) သာ ရရှိခဲ့ပြီး အသင်းသမိုင်းတွင် အဆိုးရွားဆုံးရပ်တည်မှု ဖြစ်ခဲ့သည်။
ယခုအခါ မန်ယူအသင်း အားပေးသူပရိသတ်များသည် တန်ဟက်ဂ်၏ ပြိုင်ပွဲစုံနောက်ဆုံး (၂၈) ပွဲရလဒ်ကို ဗလင်စီယာအသင်းကို ကိုင်တွယ်စဉ်က နာမည်ပျက်ခဲ့ရသည့် အသင်းဂန္ထဝင်ကစားသမား ဂယ်ရီနဗီးလ်၏ စံချိန်နှင့် နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် လက်ရှိနည်းပြ တန်ဟက်ဂ်၏ပြိုင်ပွဲစုံ နောက်ဆုံး (၂၈) ပွဲတွင် (၁၃) ပွဲအထိ ရှုံးနိမ့်ထားပြီး သွင်း ဂိုး (၃၅) ဂိုးသာ ရရှိခဲ့ကာ (၄၅) ဂိုးအထိ ပြန်ပေးခဲ့ရသည်။ ယင်းမှတ်တမ်းမှာ ၂၀၀၆ ခုနှစ်တွင် ဗလင်စီယာအသင်းကို ကိုင်တွယ်ခဲ့ဖူးသည့် ဂယ်ရီနဗီးလ်၏ မှတ်တမ်းထက်ပင် ပိုမို ဆိုးရွားနေခြင်းဖြစ်သည်။
ဂယ်ရီနဗီးလ်သည် ဗလင်စီယာအသင်း၏နည်းပြအဖြစ် ကိုင်တွယ်စဉ်က ပြိုင်ပွဲစုံ (၂၈) ပွဲတွင် (၁၁) ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး သွင်းဂိုး (၃၉) ဂိုး ရရှိခဲ့ကာ (၃၈) ဂိုး သာ ပြန်ပေးခဲ့ရသည်။ ဂယ်ရီနဗီးလ်သည် ဗလင်စီယာအသင်းကို ကိုင်တွယ်စဉ်က လာလီဂါ (၁၆) ပွဲတွင် (၃) ပွဲသာအနိုင်ရခဲ့ပြီး ဘာစီလိုနာအသင်းကို (၀-၇)ဂိုးဖြင့် ရှုံးနိ်မ့်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
ထို့ကြောင့် ဘောလုံးပရိသတ်များက လက်ရှိတွင်ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီနဗီးလ်ကို ကမ္ဘာ့အဆိုးဆုံးနည်းပြအဖြစ် သတ်မှတ်ကြသည်။ ယခုအခါ မန်ယူနည်းပြ တန်ဟက်ဂ်၏မှတ်တမ်းမှာ ဂယ်ရီနဗီးလ်ထက်ပင် ဆိုးရွားနေသည့်အတွက် မန်ယူပရိသတ်များသည် ၎င်းကို အလွန်စိတ်ပျက်နေကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
