မန်စီးတီးအသင်းသည် အင်္ဂါညက ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဆလိုဗန်အသင်းကို အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးကစားထားသည့် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်ယူအသင်း၏စံချိန်ကိုလိုက်မီခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် အောက်တိုဘာလ (၁) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၂) တွင် ဆလိုဗက်ကီးယားကလပ် ဆလိုဗန်အသင်းကို အဝေးကွင်း၌ (၄-၀) ဂိုးဖြင့် သက်သက်သာသာ အနိုင်ရရှိခဲ့သည်။ ယင်းနိုင်ပွဲကြောင့် မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၂၅) ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတွင် မန်ချက်စတာမြို့ခံပြိုင်ဘက်ဖြစ်သည့် မန်ယူအသင်း၏ တင်ထားသော စံချိန်ကိုလိုက်မီခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ၎င်းတို့၏ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်ထက်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၂၅) ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားခဲ့ပြီး စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် မန်စီးတီးအသင်းသည် အခါးသီးဆုံးမြို့ခံပြိုင်ဘက် မန်ယူအသင်း၏ ချန်ပီယံလိဂ်ပွဲဆက်အများဆုံးရှုံးပွဲမရှိစံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်ပြီး စံချိန်ချိုးရန်ပင် အလားအလာ ကောင်းနေသည်။
မန်စီးတီးအသင်းသည် ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒု-ကျော့တွင် ရီးယဲလ်အသင်းကို အဝေးကွင်း၌ (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လက်ရှိအချိန်ထိ (၂၅) ပွဲဆက်တိုက် ရှုံးပွဲမရှိကစားခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် လာမည့်ချန်ပီယံ လိဂ်ပွဲစဉ်တွင် ချက်ကလပ် စပါတာပရပ်ဂ်ကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ရာ မန်ယူအသင်း၏စံချိန်ကိုပါ ချိုးဖျက်နိုင်ဖွယ်ရှိနေသည်။
မန်စီးတီးအသင်းသည် ၂၀၁၁-၁၂ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူခဲ့ပြီး လက်ရှိအချ်ိန်ထိ ဆုဖလားပေါင်း (၁၈) လုံး ရရှိသော်လည်း မန်ယူအသင်းမှာမူ ယင်းကာလအတွင်း ဆုဖလား (၆) လုံးသာ ရရှိခဲ့သည်။ ထို့ပြင် ယခုရာသီတွင် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၆) အပြီးတွင် ရမှတ် (၁၄) မှတ်ဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေပြီး မန်ယူအသင်းမှာမူ ရမှတ် (၇)မှတ်ဖြင့် အဆင့် (၁၃) ရောက်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
