PSG မှာ မက်ဆီ၊ နေမာတို့နဲ့ ဘာပေ အတ္တချင်းအား ပြိုင်လို့အမြင့်ဆုံးအောင်ပွဲတွေ မရခဲ့ဘူး။ ရွန်နီဟာ ဘာပေလိုမဟုတ်၊ ယူနိုက်တက်ကောင်းစားရေး ခေါင်းစဉ်အောက်မှာသာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပါတယ်။ သူ့ရဲ့တစ်ကိုယ်ရည်စာကျော်ကြားမှုထက် ယူနိုက်တက်အောင်မြင်ရေးကိုသာ မမှိတ်မသုန် ထမ်းရွက်ခဲ့ပါတယ်။ ဒဏ်ရာရနေလည်း ဂရုမစိုက်ဘဲ ပေးဆပ်တတ်သူ၊ ပေါက်ကွဲအားပြင်းထန်သူ၊ မဟုတ် မခံစိတ်ရှိသူ၊ မာယာမများခဲ့သူရွန်နီကို ကျွန်တော် ချစ်မဝခဲ့ဘူး။ ယူနိုက်တက်ပရိသတ်တွေ ချစ်မဝခဲ့ဘူး။ နည်းပြဘဝမှာလဲဲပြိုပြီးရင်းလဲပြိုနေတဲ့ ရွန်နီကိုမြင်ရတဲ့အခါ ဝမ်းနည်းမိုးတိမ်တွေ ညို့တက်လာတယ်။ အရောင်မှိန်တဲ့နည်းပြဘဝဖြတ်သန်းမှုကြောင့် ရွန်နီကို ငပေါကြီးလို့ မထင်စေချင်ဘူး။ ဟိုတလောက ဆဲလ်တစ်နဲ့ ယူနိုက်တက်ရဲ့ ရန်ပုံငွေ ခြေစမ်းပွဲမှာ ရွန်နီက သိပ်မိုက်တဲ့ ဖရီးကစ်သွင်းဂိုး ဖန်ဆင်းပြခဲ့တယ်။ ရွန်နီက တစ်ချိန်တုန်းက သူရိုက်ဖူးတဲ့ကြော်ငြာထဲကလို လူဝကြီး ဖြစ်နေပြီ။ သန်တုန်းမြန်တုန်းမှာ သွင်းပြခဲ့တဲ့ ဖရီးကစ်သွင်းဂိုးထက် လူဝကြီးရွန်နီရဲ့ဖရီးကစ်သွင်းဂိုးက ပိုပြီးချစ်စရာကောင်းနေသလိုပဲ။ တစ်ချိန်တည်းမှာပဲ ဖီနာဘာချီနဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ ချာတိတ်လေး ရွန်နီကို ကျွန်တော် အမှတ်ရနေမိတယ်။ အခု အဲဒီ ချာတိတ်လေး ဟက်ထရစ်သွင်းတာ နှစ်၂၀ ပြည့်ခဲ့ပါပြီ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
