မန်ယူအသင်းသည် လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါက အစားထိုးခန့်အပ်ရန် ပစ်မှတ်ထားနေသည့် နည်းပြများထဲတွင် အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီလည်း ပါဝင်ကြောင်း သတင်းထွက်လာခဲ့သည်။
မန်ယူအသင်းသည် နယ်သာလန်နည်းပြ တန်ဟက်ဂ် ကို ပြီးခဲ့သည့်နွေရာသီတွင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သော်လည်း လက်ရှိရာသီ၌ ခြေစွမ်းရော ရလဒ်ပါ ကျဆင်းနေသည့်အတွက် ရာထူးမှ ထုတ်ပယ်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ တန်ဟက်ဂ်သည် စပါးအသင်းကို အိမ်ကွင်းတွင် (၀-၃)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီး ယားလိဂ်ပြိုင်ပွဲမှ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်လာကြောင်းလည်း သိရသည်။
တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီကတည်းက မန်ယူအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံရရန် ပရိသတ်များ၏ ထင်ကြေးပေးခြင်းခံခဲ့ရသော်လည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အနိုင်ယူကာ FA ဖလား ရယူပေးနိုင်ခဲ့သည့်အတွက် မန်ယူ အသင်းတာဝန်ရှိသူများက ၎င်းကို ရာထူးမှ မထုတ်ပယ်သည့် အပြင် သက်တမ်းတိုးစာချုပ်ပါ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုရာသီ၌ အသင်းကို တိုးတက်မှုရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့်အတွက် ရာထူးမှ ထုတ်ပယ်ခံရရန် ပြန်လည် ရေပန်းစားလာခြင်းဖြစ်ပြီး ၎င်း၏နေရာ အစားထိုးဝင်ရောက်နိုင်ဖွယ်ရှိသည့် နည်းပြများကိုလည်း ဗြိတိန်မီဒီယာများက ထင်ကြေးပေးဖော်ပြလျက်ရှိသည်။
ဗြိတိန်မီဒီယာများ၏ ဖော်ပြမှုအရ တန်ဟက်ဂ်နေရာ အစားဝင်လာနိုင်ဖွယ်ရှိသည့် နည်းပြများထဲတွင် နယူးကာဆယ်နည်းပြ အက်ဒီဟောင်း၊ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ၊ လက်ရှိ တန်ဟက်ဂ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသော နစ္စတယ်ရွိုင်းတို့အပြင် အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီလည်း ပါဝင်လာခြင်းဖြစ်သည်။
အင်ဇာဂီ(၄၈ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် အင်တာမီလန် အသင်းကို စီးရီးအေချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့သူဖြစ်ပြီး ၂၀၂၂-၂၃ ရာသီတွင်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ သို့ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ၎င်းကို လီဗာပူးလ်အသင်းက ယာဂန်ကလော့ပ်နေရာ အစားထိုးခန့်အပ်ရန် ကြိုးပမ်းခဲ့ဖူးကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
