အမျိုးသားများအတွက် သန္ဓေတားဆေးရဖို့ရာ ခြေတစ်လှမ်းပိုနီးလာပြီဖြစ်ကြောင်း သြစတြေးလျ တက္ကသိုသ်တစ်ခုမှ သုတေသီများက ပြောဆိုလိုက်သည်။
ဟော်မုန်းမပါသော ဆေးအသစ်ကို ဖန်တီးမှု သည် အောင်မြင်ခဲ့သည်ဟု မဲလ်ဘန်းမှ သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောဆိုခဲ့သည်။
Monash တက္ကသိုလ်မှ ပညာရှင်များသည် သိပ္ပံဆိုင်ရာ အတားအဆီးတစ်ခုကို ကျော်လွှား နိုင်ခဲ့ပြီး လက်တွေ့အသုံးတည့်သည့် ဆေးဝါးဖြစ်လာရန် အခွင့်အလမ်းများသည် သိသာစွာ တိုးလာသည်ဟု ၎င်းတို့က ပြောဆိုခဲ့သည်။
Monash ဆေးဝါးသိပ္ပံတက္ကသိုလ်မှ ဒေါက်တာ Sabatino Ventura သည် အမျိုးသား သန္ဓေတားဆေး အစီအစဉ်ကို ဆယ်စုနှစ် ၂ ခုကျော်ကြာ ဦးဆောင်ခဲ့သူဖြစ်သည်။ ဆေးဝါး ရှာဖွေဖော်ထုတ်ရေး အစီအစဉ် နောက်တစ်ဆင့်တက်နိုင်ရေးတွင် အဟန့်အတားဖြစ်နေခဲ့သည့် အဓိကအတားအဆီးကို ကျော်ဖြတ်ရန် သုတေသီအဖွဲ့က စိတ်လှုပ်ရှားနေပြီဟု သူက ပြောဆိုခဲ့သည်။
မိမိတို့၏ အဓိကရည်ရွယ်ချက်မှာ ဟော်မုန်း မပါသော သန္ဓေတားဆေးကို တီထွင်ထုတ်လုပ်နိုင်ရေးသာမက မျိုးပွားခြင်းအပေါ် ရေရှည်အကျိုးသက်ရောက်စေသည့် ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်လည်းဖြစ်၍ တားဆေးကို သုံးစွဲလိုသည့် လူငယ်အမျိုးသားများအတွက် သင့်လျော်မည်ဖြစ်သည်ဟု Ventura က ပြောသည်။
အစဉ်အလာ အရ အမျိုးသမီးများကသာ တားဆေးသောက်နေရရာ မှ ယခုအခါ အမျိုးသားများလည်း တားဆေးကို သောက်နိုင်တော့မည်ဖြစ်ရာ အခြေအနေကိုလုံး၀ ပြောင်းလဲသွားစေမည်ဟု Ventura က ပြောသည်။
Ref: နိုင်းနူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
