ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် နမ့်ယွန်ချောင်း
နှင့် တောင်ကျချောင်းရေများမြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံထပ်မံဖြစ် ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ယမန်နေ့ စက်တင်ဘာ (၂)ရက် ညပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ရှောင်လမ်းအပါအဝင် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ဝမ်ကောင်းရပ်ကွက် ၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တို့တွင် ရေကြီးရေလျှံဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိတွင် ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးရှေ့ ရတနာလမ်းပေါ် ရေကြီးရေလျှံဖြစ်ပေါ်နေသလို ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး ဝန်းကျင် တလျှောက် ရေကြီးရေလျှံဖြစ်နေသည်။
တာချီလိတ်မြို့တွင် ည(၁၁)နာရီခွဲကျော်အချိန်က စပြီး မယ်ဆိုင်ချောင်းနှင့်နီးသည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့သလို ဝမ်ကောင်းရပ်ကွက်ဘက်က လာသည့် နမ့်ယွန်းချောင်းရေလည်း လျှံလာသည့်အတွက် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးဝန်းကျင်တဝိုက် စာတိုက်လမ်းကြား နှင့် တာလော့လမ်းကြားတို့တွင် ရေစီးသန်သည်အထိ ဖြစ်ပွါးခဲ့သည်ဟု သိရသည်။
ယနေ့မနက်တွင် တာချီလိတ် – ကျိုင်းတုံသွားလမ်းပေါ် တာချီလိတ်မြို့နယ်အတွင်း ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းရှိ မယ်ဟုတ်ချောင်းရေသည်လည်း ရေပိုတက်လာကာ ချောင်းအနီး ကျေးရွာရှိ နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်နေကြောင်း သိရသည်။
“လောလောဆယ် ရေကတော့ ထပ်မတက်လာတော့ဘူး။ တန့်နေတာပေါ့။ အနိမ့်ပိုင်းရပ်ကွက်တွေနစ်တယ်။ မိုးကတော့ အခုတိတ်နေတယ်ဆိုပေမယ့် တောင်ကျရေ ရှိတာကြောင့် ရေနစ်မြှပ်နေတုန်းဘဲ။ ခါးလောက်တော့ရှိတယ်။ မြို့ရှောင်လမ်းနဲ့ အရင်တစ်ခေါက်မြှုပ်နေကြ ဆန်ဆိုင်း ရပ်ကွက်လည်းပါတာပေါ့။”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် တောင်ကျရေအခြေ အနေအားစောင့်ကြည့်နေကြပြီး၊ ရေထပ်မံတက်လာပါက ပြောင်း ရွှေ့မှုများ လုပ်ဆောင်ရန်နှိုးဆော်ထား ရှိကြောင်း ဆိုသည်။
ပြီးခဲ့သော စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်ရစ်သော ရွှံ့နှုန်းများကျန်ရှိနေသေးသလို ရေထပ်မံတက်လာသည့်အတွက် ဆိုင်ကယ်နှင့် ကားအနိမ့်များ သွားလာရေး
အခက်အခဲဖြစ်ပွားနေကြောင်း သိရသည်။
ယခုနှစ်အတွင်း ရေကြီးရေလျှံမှုမှာ ဩဂုတ်လမှာ စတင်ကာ အကြိမ်ရေ (၈)ကြိမ်မှ (၁၀)ကြိမ်အထက်ထိ ရေလျှံခြင်းဖြစ်ကာ ၊ စက်တင်ဘာလ (၉)ရက်နေ့တွင် စံချိန်တင်ရေကြီးကာ အိမ်များပြိုကာ လူေ-သဆုံးသည်အထိ ဖြစ်ပွါးခဲ့ကြောင်း ဒေသတွင်း သတင်းများအရသိရသည်။
ဓာတ်ပုံ- ရှမ်းအရှေ့သတင်းမဏ္ဍိုင်







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
