ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် ဒေါနတောင် လမ်းဟောင်း ချောက်ကပါးနှင့် အလည်ဗိုလ်တဲကြားတွင် (၁၀) ဘီး ကုန်ကားတစ်စီး ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံးခဲ့ရကြောင်း နယ်မြေခံ အလင်းသစ် Rescue Myawaddy မှ သိရသည်။
ယနေ့ အောက်တိုဘာ (၃)ရက် နံနက်ပိုင်းက အဆိုပါ လမ်းပိုင်းတွင် (၁၀) ဘီး ကုန်ကားတစ်စီး ပေ (၁၀၀) ခန့် အောက်ရှိ ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်ပြီး ယာဉ်မောင်းမှာ ကားနှင့် ပိမိကာ နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“ကားနံပါတ် 4B – 4002 ကား Accident ဖြစ်ပြီး လမ်းဘေး က ပေ (၁၀၀) လောက်ရှိတဲ့ ချောက်ထဲသွားတာ။ ယာဉ် မောင်း အမျိုးသားကတော့ နေရာမှာတင် ပွဲချင်းပြီး ေ-သဆုံးသွားပါတယ်။ ကားမှာ ယာဉ်နောက်လိုက် မပါပါဘူး။ ေ- သဆုံးသူ ယာဉ်မောင်းနဲ့ ပတ်သက်တဲ့ ကားအုံနာနဲ့ မိသားစုသိစေဖို့ပါ”ဟု အလင်းသစ် Rescue Myawaddy က အသိပေးထားသည်။
အဆိုပါ ချောက်ထဲသို့ ထိုးကျသွားသည့် (၁၀) ဘီး ကုန်ကားကို ဆွဲမပြီးမှသာ ယာဉ်မောင်း၏ ရုပ်အလေ-ာင်းကို ထုတ်ယူရမည်ဖြစ်သောကြောင့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း မိသားစု သိရှိစေရန် ၎င်းတို့ မျှဝေထားသည့် Post ကို ထပ်ဆင့် မျှဝေပေးခြင်းဖြင့် ကူညီပေးစေလိုကြောင်းလည်း အသင်းက မေတ္တာရပ်ခံထားသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
