ဘရိုက်တန်အား (၄-၂)ဂိုးဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမပိုင်းတွင် (၄) ဂိုးသွင်းယူခဲ့သည့် ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ပါလ်မာ ဝတ်ဆင်ခဲ့သည့် သမိုင်းဝင်ဂျာစီသည် လေလံပွဲတွင်ကမ္ဘာကျော် စီရော်နယ်လ်ဒို၏ စံချိန်ကို ကျော်ဖြတ်ဖွယ်ရှိကြောင်း သိရသည်။
စက်တင်ဘာလ (၂၈) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၄-၂) ဘရိုက်တန်ပွဲ၌ ချယ်လ်ဆီးကွင်းလယ်တိုက်စစ်က စား ပါလ်မာသည် ပွဲချိန် (၂၁) မိနစ်၊ ၂၈ မိနစ် (Pen)၊ (၃၁) မိနစ်နှင့် (၄၁) မိနစ်တို့တွင် (၄) ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါလ်မာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲစဉ်တစ်ပွဲအတွင်း ပထမပိုင်း၌ (၄) ဂိုး သွင်းသည့် ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။
ဘရိုက်တန် နှင့်ပွဲတွင် ပါလ်မာ ဝတ်ဆင်ခဲ့သည့် ဂျာစီကိုိ MatchWornShirt.com ၌ လေလံတင် ရောင်းချမည်ဖြစ်သည်။ လက်ရှိတွင် ပါလ်မာ၏ပရီး မီးယားလိဂ်သမိုင်းဝင်ဂျာစီကို လေလံပွဲတွင် ပေါင် (၁၆၀၀၀) ပေးသူရှိနေပြီး ရရှိခဲ့သည့်ငွေများကို ချယ်လ် ဆီးဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းမည်ဖြစ်သည်။
လက်ရှိ MatchWornShirt.com မှ ရောင်းချသည့် စျေးအကြီးဆုံးဂျာစီမှာ ပေါင်(၃၆၀၀၀)ဖြစ်ပြီး မန်ယူကစားသမားဘဝဒုတိယအကြိမ်တွင် စီရော်နယ်လ်ဒိုဝတ်ဆင်ခဲ့သည့်ဂျာစီဖြစ်သည်။ ယခု ပါလ်မာ၏သမိုင်းဝင်ဂျာစီကို ဝယ်ယူလိုသူ များပြားနေပြီး စီရော်နယ်လ်ဒို၏ဂျာစီစံချိန်ကို ကျော်ဖြတ်ဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
