မန်ယူနှင့်ကစားခဲ့သည့်ပွဲတွင် ဒိုင်လူကြီးများကို ကြမ်းတမ်းသည့်စကားလုံးများဖြင့်ဆဲဆိုခဲ့သည့် ဆောက်သမ်တန်အသင်းခေါင်းဆောင် ဂျက်စတီဗင်စ်သည် (၂) ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် (၅၀၀၀၀) ဒဏ်တပ်ရိုက်ခံခဲ့ရကြောင်း သိရသည်။
စက်တင်ဘာလ (၁၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ဆောက်သမ်တန် (၀-၃) မန်ယူပွဲတွင် ဆောက်သမ်တန်အသင်းခေါင်းဆောင် စတီဗင်စ်သည် ပွဲချိန် (၇၉)မိနစ်၌ မန်ယူတိုက်စစ်ကစားသမား ဂါနာချိုကို ဥပဒေပကစားသဖြင့် တိုက်ရိုက်အနီ ကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
စတီဗင်စ်သည် ယင်းပွဲတွင် ၎င်းအား အနီကတ်ပြခဲ့သည့်ကွင်းလယ်ဒိုင် အက်စ်ဝဲလ်နှင့် စတုတ္ထဒိုင် ဂါဗင်ဝက်ဒ်တို့ကို ဆဲဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က တိုက်ရိုက်အနီကတ်ကြောင့် (၃)ပွဲပယ်ပြစ်ဒဏ်ကျခံနေရသည့် ဆောက်သမ်တန်အသင်းခေါင်းဆောင် စတီဗင်စ်ကို ထပ်တိုး (၂)ပွဲပယ်ပြစ်ဒဏ်ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။
FA ၏ထုတ်ပြန်ချက်တွင် "စက်တင်ဘာ (၁၄)ရက်က ကစားခဲ့သည့် မန်ယူနှင့်ပွဲတွင် မတော်မလျော် ပြုလုပ်ခဲ့သည့် ဆောက်သမ်တန်အသင်းခေါင်းဆောင် စတီဗင်စ်ကို ထပ်တိုးပြစ်ဒဏ်(၂) ပွဲနှင့် ဒဏ်ငွေ ပေါင် (၅၀၀၀၀)ဒဏ်ရိုက်ခဲ့ကြောင်း" ဖော်ပြပါရှိသည်။ စတီဗင်စ်က ၎င်း၏လုပ်ရပ်အတွက် ပြန်တောင်းပန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
