မန်စီးတီးတိုက်စစ်မှူး ဟာလန်းသည် ဆလိုဗန်အသင်းအား အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ် ထာဝရဂိုးသွင်းအများဆုံး စာရင်းတွင် အသင်းဂန္ထဝင် အဂွဲရိုးကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ (၁) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၂) ဆလိုဗန် (၀-၄) မန်စီးတီးပွဲ၌ ဟာလန်းသည် ပွဲချိန် (၅၈) မိနစ်တွင် မန်စီးတီးအတွက် တတိယဂိုးကို သွင်းယူပေးခဲ့သည်။
ယင်းဂိုးမှာ ဟာလန်း အတွက် ချန်ပီယံလိဂ် (၄၁) ပွဲတွင် (၄၂) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းတွင် မန်စီးတီးဂန္ထဝင် အဂွဲရုုိး (၄၁ ဂိုး)ကို ကျော်ဖြတ်ကာ အဆင့် (၁၈) နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
အဂွဲရိုးသည် အက်သလက်တီကို၊ မန်စီးတီးနှင့် ဘာစီလိုနာအသင်းများအတွက် ချန်ပီယံလိဂ် (၇၉) ပွဲကစားခဲ့ပြီး (၄၁) ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၄) နှစ်အရွယ် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းမှာလည်း ဆာလ်ဇ်ဘာ့ဂ်၊ ဒေါ့မွန်နှင့် မန်စီးတီးအသင်းတို့အတွက် ချန်ပီယံလိဂ် (၄၁) ပွဲကစားရာတွင် (၄၂) ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ထာဝရဂိုးအများဆုံးသွင်းထားသူမှာ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုုဖြစ်ပြီး ဂိုး (၁၄၀) အထိ သွင်းထားသည်။ ၎င်းသည် မန် ယူ၊ ရီးယဲလ်နှင့် ဂျူဗင်တပ်စ်အသင်းများတွင် ကစားစဉ်က ချန်ပီယံလိဂ် (၁၈၃) ပွဲတွင် ဂိုး (၁၄၀) အထိ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
