Royal-D U-19 Futsal Championship 2024 ပြိုင်ပွဲကို ယခုလ အောက်တိုဘာ (၁၀)ရက်မှစတင်၍ အုပ်စု (၈)စု ခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တစ်အုပ်စုလျှင် အသင်း (၄) သင်းပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်ကော်မတီထံမှ သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အသင်း(၃၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အုပ်စုမဲခွဲပွဲနှင့် ပွဲစဉ်ရေးဆွဲပွဲကို အောက်တိုဘာ (၃)ရက်၊ နံနက်(၁၁) နာရီအချိန်တွင် သုဝဏ္ဏကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအတွင်း ရှုံးထွက် အဆင့်ပွဲစဉ်များ၊ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ၊ ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့် တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲများဖြင့် အဆင့်ဆင့်ကျင်းပသွားမည် ဖြစ်ကြောင်း ဖူဆယ်ကော်မတီက အသိပေးထားသည်။
Royal-D U19 Futsal Championship 2024 ပြိုင်ပွဲတွင် ပထမဆု သိန်း (၃၀)၊ ဒုတိယဆု သိန်း(၂၀ )နှင့် တတိယဆု (၁၅) သိန်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီအနေဖြင့် AYA Pay Futsal Championship 2024 ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ရာ ယခုလ စက်တင်ဘာ(၉) ရက်၌ ပြိုင်ပွဲပြီးဆုံးခဲ့ကာ ယင်းပြိုင်ပွဲအတွင်း MIU FC က ချန်ပီယံဆုကို ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
