ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာရှိ အကျဉ်းဦးစီးဌန၏ တောင်စွန်းကုန်ထုတ်စခန်းမှ ဝန်ထမ်းတစ်ဦးမှာ အောက်တိုဘာလ ၃ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အောက်တိုဘာလ ၂ ရက် နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ အကျဉ်းဦးစီးဌာန၏ တောင်စွန်း ကုန်ထုတ်စခန်း အဝင်တံခါးကင်းတွင် လုံခြုံရေးစောင့်ကြပ်နေသည့် အကျဉ်းထောင်တပ်ကြပ် မြင့်ဇော်ဝင်း ဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သေနတ်သမားနှစ်ဦးက တောင်စွန်းကုန်ထုတ်စခန်းအနီးမှာရှိတဲ့ စိမ့်စမ်းမြိုင်တောရ ဘုန်းကြီးကျောင်းဘက်ကနေ သေနတ်နဲ့ပစ်ခတ်ပြီးတော့ ဆိုင်ကယ်နဲ့မောင်းပြေးသွားတယ် လို့ကြားသိရပါတယ်” ဟု ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် အကျဉ်းထောင်တပ်ကြပ် မြင့်ဇော်ဝင်း ဆိုသူတွင် ကပ်ပယ်အိတ်အား ကျည်ဖောက်ဝင်ပြီး၊ ညာတင်ပါးမှ ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ၎င်းအား ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးထားကြောင်း ၎င်းဒေသခံက ဆိုသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအတွင်း အချိန်ကိုက်မိုင်းပေါက်ကွဲမှုများ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိခဲ့ရာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နံနက်အစောပိုင်းအချိန်က တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံးမှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး နေ့စားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၃ ရက် မွန်းလွဲပိုင်းအချိန်ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအကူဖြစ်သူ ဦးကျော်ကျော်မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
အလားတူ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ပစ်ခတ်ဖောက်ခွဲမှုများဖြစ်ပွားခဲ့ရာမှ တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်တစ်ဦး နှင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
