မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် တောင်ကျချောင်းရေထဲဖြတ်မောင်းစဉ် ယာဉ်နှင့်အတူ ပါသွားသည့် ယာဉ်မောင်း၏ အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလမူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)မှ သိရသည်။
ကျောက်ဆည်မြို့ ဘိလပ်မြေစက်ရုံအနီးရှိ တောင်ကျချောင်းကို ဖြတ်မောင်းစဉ် မော်တော်ယာဉ်တစ်စီးနှင့် လူတစ်ဦးမှာ ရေထဲမျောပါသွားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ကို ယင်းညပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူကို ရှာဖွေမတွေ့ရှိခဲ့ဘဲ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းမှသာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရေစီးနှင့်အတူ ပါသွားသည့် မော်တော်ယာဉ်မှာ ပရိုဘောက်ယာဉ်အမျိုးအစားဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ၏ အလောင်းအား အောက်တိုဘာ ၂ ရက် နံနက်တွင် ချောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။
ရေထဲ မျောသွားသည့် ယာဉ်နှင့် ယာဉ်မောင်း၏ အလောင်းအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး)၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၊စက်ရုံတာဝန်ရှိသူများ နှင့် ဝန်ထမ်းများ မှ ပူးပေါင်းကာ ဆယ်တင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
