
သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရက် ၁၀၀ အတွင်း သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းနှင့် တရားမဝင် သတ္တုတူးဖော် သယ်ယူမှုများ စစ်ဆေးကြပ်မတ်ခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ဝန်ကြီးဌာန အနေဖြင့် ကာဗွန်စုပ်ယူမှု ကောင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် အကျိုးကျေးဇူး အများကြီး ဖြစ်စေသည့် ဒီရေတော ထိန်းသိမ်းမှုများနှင့် ပူပြင်းခြောက်သွေ့သည့် ဒေသများ စိမ်းလန်းစိုပြည်စေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ အမြဲတမ်း သစ်တောနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ သုတေသန လုပ်ငန်းများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဇီဝမျိုးကွဲများ၊ ဒီရေတော၊ ကမ်းရိုးတန်း ဂေဟစနစ်များ ရေရှည်တည်တံ့စေအောင် ဆောင်ရွက်ရန်လည်း စီစဉ်ထားသည်။ထို့ပြင် အခွန်ဘဏ္ဍာ ဝင်ငွေ ပိုမို ရရှိစေရန် လက်ရှိ ကျင့်သုံးနေသည့် အခွန်စနစ်များ ပြင်ဆင်ကောက်ခံရန်၊ သစ်အခြေခံ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးစေရန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ စီမံချက်ကို ခရိုင် ၆၈ ခရိုင်အတွက် ရေးဆွဲထားပြီး ရက်ပေါင်း ၁၀၀ အတွင်း တစ်ခရိုင်ချင်းစီတွင် စတင် လုပ်ဆောင်သွားမည် ဖြစ်သည်။ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (Initial Environmental Examination-IEE)၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (Environ- mental Impact Assessment-EIA)၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environm-ental Management Plan-EMP) များကို ရေးဆွဲမည်ဖြစ်ရာ IEE ၊ EIA ၊ EMP ရေးသား ပြုစုမည့် တတိယ အဖွဲ့အစည်းများ အနေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတွင် မှတ်ပုံတင်နိုင်ရေးအတွက် အကြံပေး လုပ်ကိုင်သူများကို လုပ်ငန်းလိုင်စင် ထုတ်ပေးရန် စည်းမျဉ်းစည်းများကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) အကူအညီနှင့် ရေးဆွဲနေပြီး လုပ်ငန်း လိုင်စင်များကို မကြာမီ ထုတ်ပေးမည်ဖြစ်သည်။သတ္တုကဏ္ဍတွင်လည်း ပြည်နယ် အစိုးရက ဖွဲ့စည်းပေးထားသည့် မြို့နယ်မြေစာစွန့်ပစ်မှု ကြီးကြပ်စစ်ဆေးရေး အဖွဲ့နှင့် ကွင်းဆင်း ကြီးကြပ်ရေး အဖွဲ့က လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများမှ ထွက်ရှိသော မြေစာများကို သတ်မှတ်ထားသည့် စွန့်ပစ်မြေစာပုံများတွင် စနစ်တကျ ပုံစေရန်နှင့် မြေစာပုံနှင့် ပတ်သက်သည့် အခြေအနေကို ကြီးကြပ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။ထို့ပြင် သတ္တုတူးဖော်မှုများနှင့် သက်ဆိုင်သည့် အချက်အလက်များကို ဝက်ဘ်ဆိုက်တွင် ဖော်ပြနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး တူးဖော်ခွင့် ပါမစ်များ ရထားသည့် ကုမ္ပဏီများကို www.mining.gov.mm တွင် ဖော်ပြနိုင်အောင် ဆောင်ရွက်မည်ဖြစ်သည်။ တရားမဝင် သတ္တုတူးဖော်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတို့ကိုလည်း စစ်ဆေး ကြပ်မတ်သွားမည်ဖြစ်သည်။သတ္တုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖင်လန်နိုင်ငံနှင့် ပူးပေါင်းပြီး ဓာတ်သတ္တု ဖြစ်ထွန်းမှုစနစ် တည်ဆောက်ခြင်း၊ တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းပြီး ချင်းပြည်နယ်တွင် ခရိုမိုက်သတ္တု ဖြစ်ထွန်းမှု ဆိုင်ရာ လေ့လာသုတေသန လုပ်ငန်း ဆောင်ရွက်ခြင်း၊ အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ ဘူမိသိပ္ပံဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ (CCOP) နှင့် JICA တို့ဖြင့် ပူးပေါင်းပြီး ဓာတ်သတ္တု သတင်းအချက်အလက် မှတ်တမ်းပြုစုနိုင်ရန် လေ့လာရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်