
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်းကျပ် ၁၁၇၀ ကျော်ဖြင့် ဈေးငြိမ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။မေ ၁၀ ရက် နောက်ပိုင်းတွင် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်း မေလ တတိယပတ် ၁၇ ရက်အထိ တစ်ဒေါ်လာလျှင် အမြင့်ဆုံးလဲနှုန်း ၁၁၇၄ ကျပ်ဝန်းကျင်မှ အနိမ့်ဆုံး ၁၁၇၁ ကျပ် ဝန်းကျင်ကြားတွင် တစ်ပတ်ကျော်အကြာ ဈေးတည်ငြိမ်နေခြင်းဖြစ်ပြီး အရောင်းအဝယ် အခြေအနေသည် ပုံမှန်အောက် နည်းပါးနေခြင်း ဖြစ်သည်။“၁၀ ရက်နေ့ကစပြီး ဒေါ်လာလဲနှုန်း က ၁၁၇၀ ကျော်မှာပဲ ရှိနေတယ်။ အတက် အကျ မများဘူး။ ဈေးငြိမ်နေတယ်လို့ ပြောလို့ရတယ်။ အခု ဈေးကွက်ထဲမှာလည်း အရောင်းအဝယ် အေးနေတယ်”ဟု နိုင်ငံခြားငွေကြေးအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မေ ဒုတိယပတ်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၇၀ ကျော် ဝန်းကျင်ရှိခဲ့ပြီး မေ ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၃ ကျပ်၊ မေ ၁၁ ရက်နှင့် ၁၂ ရက်များတွင် တစ်ဒေါ်လာလျှင် ၁၁၇၁ ကျပ် ဝန်းကျင်မှ မေ ၁၃ ရက်နှင့် ၁၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၃ ကျပ် ဝန်းကျင်တွင် ရှိခဲ့သည်။မေ ပထမပတ် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မေ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၆၇ ကျပ်ဝန်းကျင်မှ မေ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၇၂ ကျပ် ဝန်းကျင်သို့ တစ်ရက်အတွင်း ငါး ကျပ် ဝန်းကျင် မြင့်တက်ခဲ့ပြီးနောက် မေ ၄ ရက်နှင့် ၅ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၇၀ ဝန်းကျင်မှ မေ ၆ ရက်နှင့် ၉ ရက်များ တွင် တစ်ဒေါ်လာလျှင် ၁၁၆၉ ကျပ်ဝန်းကျင်သို့ ကျဆင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်