ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်မြောက်ပိုင်းရှိ အစ္စရေးသံရုံးအနီးတွင် စက်တင်ဘာ ၁ ရက်ညပိုင်းက ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ဒိန်းမတ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
"ဒဏ်ရာရသူတော့မရှိပါဘူး။ အခင်ဖြစ်တဲ့နေရာမှာ ကနဦးအဆင့် စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်"ဟု ကိုပင်ဟေဂင်ရဲတပ်ဖွဲ့က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ပေါက်ကွဲမှုဟာ အစ္စရေးသံရုံးနဲ့ ဆက်စပ်မှုရှိ၊ မရှိဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်" ဟု ဒိန်းမတ်ရဲတပ်ဖွဲ့ကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့်အနီးတစ်ဝိုက်ကို အသွားအလာပိတ်ပင်ထားပြီး ရဲတပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ချထားသည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို အစ္စရေးသံရုံးက ချက်ချင်းဖြေကြားခဲ့ခြင်းမရှိပေ။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
