တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာရှိ မယ်ဆိုင်ချောင်းကူးတံတား ချောင်းရေဖြင့် မျောပါပျက်စီးခဲ့ပြီး လူနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းနိုင်ရန် ယာယီတံတား ဆောက်လုပ်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး လွယ်တော်ခမ်းကျေးရွာရှိ အရှည် ၁၀၀ ပေ၊ အကျယ် ၁၅ ပေရှိ မယ်ဆိုင် ချောင်းကူး သံဘောင်ဘေလီတံတားသည် ရေစီးနှင့်မျောပါပျက်စီးသွားခဲ့ရကြောင်း သိရသည်။
အဆိုပါတံတားပျက်စီးခဲ့သည့်နေရာ၌ ယခုအခါ ယာယီတံတား ဆောက်လုပ်ထားရှိ၍ မော်တော်ဆိုင်ကယ်နှင့် လူများဖြတ်သန်း သွားလာနိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ကာ တံတားအသစ်အား အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယ်ဆိုင်ချောင်းကူးတံတား ပျက်စီးခဲ့သည့်နေရာအား အောက်တိုဘာ ၁ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
