အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၏ အသက် ၁၀၀ ပြည့်မွေးနေ့တွင် လက်ရှိသမ္မတဂျိုးဘိုင်ဒင်က ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အိမ်ဖြူတော်တွင် ကာတာအားဂုဏ်ပြုသည့် အထိန်းအမှတ်တစ်ခုပြုလုပ်ခဲ့သည်။
အိမ်ဖြူတော်၏ မြောက်ဘက်မြက်ခင်းပြင်တွင် ပျော်ရွှင်စရာမွေးနေ့ပါ သမ္မတကာတာ ဟူသည့်စာသားနှင့်အတူ နံပါတ် ၁၀၀ ကို စိုက်ထူပြသထားသည်။
"ဘိုင်ဒင်မိသားစုနဲ့ အမေရိကန်ပြည်သူတွေကိုယ်စား အသက် ၁၀၀ ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ သမ္မတကြီးခင်ဗျား။ သင်ဟာ ကမ္ဘာပေါ်က နိုင်ငံတစ်နိုင်ငံအတွက် အကျင့်စာရိတ္တဆိုင်ရာအင်အားစုတစ်ခုအမြဲတမ်းဖြစ်ခဲ့ပါတယ်" ဟု ဘိုင်ဒင်က ဗွီဒီယိုမက်ဆေ့ချ်ဖြင့် ပြောကြားခဲ့သည်။
ထို့ပြင်ဘိုင်ဒင်က သူသည်ကာတာကို အလွန်လေးစားကြောင်းနှင့် ကာတာသည် မိတ်ဆွေကောင်းတစ်ဦးဖြစ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကာတာသည် အသက်အရှည်ဆုံးအမေရိကန်သမ္မတဖြစ်သည်။
ဒီမိုကရက်တစ်ဦးဖြစ်သည့် ကာတာသည် ၁၉၇၇ ခုနှစ် ဇန်နဝါရီလမှ ၁၉၈၁ ခုနှစ် ဇန်နဝါရီလအထိ ၃၉ ဦးမြောက်အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ရာထူးမှထွက်ခွာသွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေးအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်များကို ဆယ်စုနှစ်များစွာလုပ်ဆောင်ခဲ့သဖြင့် ၂၀၀၂ ခုနှစ်တါင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။
ကာတာ၏ ဇနီးဖြစ်သူ ရို့စ်လင်း ကာတာသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ကွယ်လွန်ခဲ့ပြီး ကာတာကို လူမြင်ကွင်းတွင် နောက်ဆုံးမြင်တွေ့ရချိန်သည် ၎င်း၏ဇနီးသည်၏ ဈာပနအခမ်းအနားတွင်ဖြစ်ပြီး ထိုအချိန်က ကာတာသည် ဘီးတပ်ကုလားထိုင်အသုံးပြုနေရကာ အားနည်းပုံပေါ်နေသည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
