ဟနွိုင်း၊အောက်တိုဘာ ၂
H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ တိရစ္ဆာန်ရုံများမှ ကျား ၄၇ ကောင်၊ခြင်္သေ့ ၃ ကောင်နှင့် ကျားသစ်နက်၁ ကောင်တို့သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် အောက်တိုဘာ ၂ ရက်နေ့ကဖော်ပြခဲ့သည်။
အဆိုပါသေဆုံးမှုများသည် ဩဂုတ်လနှင့်စက်တင်ဘာလများအတွင်းကဖြစ်ပေါ်ခဲ့ပြီး Long An ပြည်နယ်ရှိ My Quynh Safari ဥယျာဉ်နှင့် ဟိုချီမင်းမြို့အနီး Dong Nai ရှိ Vuon Xoai တိရစ္ဆာန်ရုံများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။
နိုင်ငံတိရစ္ဆာန် ရောဂါရှာဖွေရေးဌာန ၏ စမ်းသပ်မှုရလဒ်များအရ တိရစ္ဆာန်များသည် H5N1 အမျိုးအစား A ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပြီး တိရစ္ဆာန်ရုံများမှတာဝန်ရှိသူများအား အေအက်ဖ်ပီသတင်းဌာနကဆက်သွယ်မေးမြန်းရာ၌ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဟုသိရသည်။
တိရစ္ဆာန်များနှင့်ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအားလုံး၌မူ အဆိုပါရောဂါကူးစက်ခံရသည့်လက္ခဏာမျိုးမတွေ့ရသေးကြောင်း သိရှိရသည်။
တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကိုအလေးထားသည့် အင်န်ဂျီအိုတစ်ခုကမူ ဗီယက်နမ်၌ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ကျားကောင်ရေ ၃၈၅ ကောင်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းသည်။ ၎င်းတို့အနက် အကောင်ရေ ၃၁၀ ခန့်သည် ပုဂ္ဂလိကပိုင်ခြံနှင့်တိရစ္ဆာန်ရုံ ၁၆ ခု၌ထိန်းသိမ်းထားပြီး ကျန်အကောင်များကိုမူ နိုင်ငံပိုင်ထိန်းသိမ်းထားသည်ဟုသိရသည်။
Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
