လီဂီယာဝါဆော နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)
ဘက်တစ်အသင်းက ကစားသမားအင်အားပိုင်း အတော်လေးသာပါတယ်။ ပိုလန်မြေဖြစ်ပေမဲ့ ဘက်တစ်ပဲ အနိုင်ရဖို့များပါတယ်။
ဟိုင်းဟိုင် နှင့် အိုလင်ပီယာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)
ဟိုင်းဟိုင်အသင်းအဖို့ ဥရောပပြိုင်ပွဲ ပထမဆုံးယှဉ်ပြိုင်မှုဖြစ်လို့ အာရုံစိုက်ကစားလောက်တယ်။ ဟိုင်းဟိုင် အနိုင်သေချာပါတယ်။
ချယ်လ်ဆီး နှင့် KAA ဂျန့် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ချယ်လ်ဆီးအသင်းအဖို့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲက ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေအတွက် ပင်ကိုခြေစွမ်းခြေစ ထုတ်ပြခွင့်ရတဲ့ပြိုင်ပွဲလို ဖြစ်နေတယ်။ ပြိုင်ဘက်တွေထဲမှာ လောက်လောက်လားလားဆိုလို့ ဖီအိုရင်တီးနား၊ ဘက်တစ်နဲ့ ဟိုင်းဟိုင်အသင်းတို့လောက်ပဲ ပါဝင်နေလို့ ချယ်လ်ဆီးအသင်း အမှားအယွင်းမလုပ်ခဲ့ရင် ဖလားတစ်လုံးရဖို့ ရာခိုင်နှုန်းများနေတဲ့ ပြိုင်ပွဲလည်းဖြစ်တယ်။ KAA ဂျန့်ကတော့ ဘယ်လ်ဂျီယံလိဂ်မှာ တတိယနေရာ ရပ်တည်နေပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ အိမ်ရှင်အသင်းကို ဒုက္ခပေးနိုင်စွမ်း မရှိပါဘူး။ ချယ်လ်ဆီး ဂိုးပြတ်နိုင်လိမ့်မယ်။
ဖီအိုရင်တီးနား နှင့် နယူးစိန့်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဖီအိုရင်တီးနားအသင်းက ကွန်းဖရန့်လိဂ်ပြိုင်ပွဲအဖြစ် ကျင်းပတဲ့ နှစ်ကြိမ်စလုံး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမဲ့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဖီအိုရင်တီးနားအဖို့ ဒီနှစ်မှာက ချယ်လ်ဆီး၊ ဘက်တစ်တို့လိုအသင်းတွေ ပါဝင်လာ လို့ ပြီးခဲ့တဲ့ရာသီကထက် စိန်ခေါ်မှုပိုများနိုင်တယ်။ Play-offs အဆင့်မှာလည်း ဟန်ဂေရီကလပ်ကိုတောင် နှစ်ကျော့စလုံး အနိုင်မရခဲ့ဘဲ ပယ်နယ်တီနဲ့ ကျော်ဖြတ်ခဲ့ရတယ်။ အခုတွေ့ဆုံမယ့် ဝေးလ်စ်ကလပ် နယူးစိန့်စ်အသင်းက ဖီအိုရင်တီးနား နဲ့ယှဉ်ရင်တော့ အဆင့်ချင်း အတော်ကွာပါတယ်။ ဖီအိုရင်တီးနားကို ရွေးချယ်တာပိုကောင်းမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
