အစ္စရေးဘောလုံးအဖွဲ့ချုပ်ကို အရေးယူရန် FIFA စဉ်းစားနေ
24htopnews | October 3, 2024 6:12 PM CST
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)သည် ဂါဇာစစ်ပွဲနှင့် ပတ်သက်ပြီး အစ္စရေးဘောလုံးအဖွဲ့ချုပ်ကို အရေးယူရန် စဉ်းစားနေကြောင်း BBC Sport က ဖော်ပြခဲ့သည်။
ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်က အစ္စရေးအားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခွင့်ပိတ်ပင်ရန်အတွက် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုးထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်မေလက ပြုလုပ်ခဲ့သော ဖီဖာကွန်ဂရက်တွင် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ဥပဒေကြောင်းရာကိစ္စရပ်သည် ဖီဖာကောင်စီဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ မိုရေးဇူအာရက်စ်ကမူ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်၏လုပ်ဆောင်မှုသည် နိုင်ငံရေးအရ တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း တုံ့ပြန်ထားခဲ့သည်။
လက်ရှိတွင် အစ္စရေးလက်ရွေးစင်ဘောလုံးအသင်းသည် အိမ်ကွင်းပွဲစဉ်များကို လုံခြုံရေးအခြေအနေကြောင့်ကြားကွင်း ဟန်ဂေရီတွင် ကစားရလျက်ရှိသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
